[ အာမား အာမား သားကြောက်တယ် !! ]
သူမအိမ်ကိုပြန်ရောက်လာတော့ မကြိုဆိုချင်တဲ့လူတွေကရောက်နေသည်။
အိမ်ထဲမဝင်သေးဘဲတံခါးကိုမှီပြီး ခဏရပ်နေကာ
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ထားရမယ် စိတ်လျှော့ထားရမယ်။သူမအိမ်ထဲဝင်မယ်ရှိသေး ထွက်လာတဲ့မိန်းကလေးတစ်ယောက်။ သူမယောကျာ်းရဲ့မယားငယ်ဖြစ်ချင်နေတဲ့လူပေါ့။
"အို မမ ရောက်လာပြီလား အိမ်ထဲဘာလို့မဝင်တာလဲ ညီမကိုမကြိုဆိုချင်လို့လား"
အိမ်ပေါက်ဝမှာပိတ်နေတာနင်မဟုတ်ဘူးလား။
အဖက်မလုပ်ချင်တာကြောင့်ကျော်သွားမယ်လုပ်တော့ သူ့ပါးသူချလိုက်လေသည်။
"မမ ညီမကိုမကြိုက်မှန်းသိပါတယ် ဒါပေမဲ့ဒီလိုမျိုး"
ငိုသံနဲ့လုပ်ဇာတ်ခင်းနေတဲ့လူကို စောက်မြင်ကပ်လာတယ်။ မလုပ်ရသေးဘဲနဲ့လုပ်တယ်လို့ အစွပ်စွဲမခံချင်တာကြောင့် တကယ်ချလိုက်တော့သည်။
ဖြောင်း !
တကယ်ရိုက်မယ်မထင်တဲ့သူမက အံဩစွာပြန်ကြည့်တဲ့အချိန် နောက်တစ်ချက်ထပ်ရိုက်ပေးလိုက်သည်။
ဖြောင်း !
"ငါ့ရှေ့မှာထပ်ပိတ်ကြည့် နှစ်ချက်မကထပ်ရိုက်ခံရမယ် ဖယ်စမ်း"
"ဟုတ် ဟုတ်ကဲ့"
ဆူမယ်ဆိုပြီးလက်သီးလက်မောင်းတန်းလာတဲ့ ယောက္ခမတွေကိုပြုံးပြပြီး အိမ်ထဲဝင်သွားသည်။
"တကယ်ကိုကြောက်ဖို့ကောင်းတဲ့စုန်းမပဲ"
သူမအိမ်ထဲမရောက်ခင်ကြားလိုက်ရတဲ့ ယောကျာ်းရဲ့အမေဖြစ်သူအသံ။
"စုန်းမကနှလုံးဖောက်စားတတ်တယ်နော် အမေ ကျွန်မရှင်တို့ရဲ့နှလုံးကိုစားမှာမကြောက်ဘူးလား"
ရူးသွပ်နေတဲ့ပုံစံနဲ့ပြောမိတော့ လက်ညှိုးတသွင်သွင်ထိုးကာ အိမ်ထဲကနေပြေးထွက်သွားကြတယ်။
"အသက်ကြီးပြီး ဦးနှောက်မရှိတဲ့လူတွေ "
ဘယ်သူမှမရှိတော့တာသေချာတဲ့အချိန် ခြံတံခါးကိုပိတ်ပြီး သူမသားအတွက်အမဲအူအစာသွပ်လုပ်ပေးဖို့ ပြင်နေသည်။
KAMU SEDANG MEMBACA
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Acak"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom