Extra - 9

2K 203 0
                                    

[ Meeting / Wedding ]

"ဖေဖေ နဲ့ အဖေ သားတို့ကျောင်းက ဆရာ၊မိဘတွေ့ဆုံပွဲရှိတာ ဖေဖေတို့အားလားဟင် ?"

"ဖေဖေ သမီးတို့ကျောင်းမှာဆုပေးပွဲရှိတာ  ဖေဖေတို့လိုက်ပေးမှာလား ? "

ဆိုင်ကနေပြန်ရောက်ရောက်ချင်း မေးခွန်းနဲ့စီးကြိုသည့်မောင်နှမနှစ်ယောက်။

" အဖေတို့ဖိနပ်ချွတ်ပါရစေဦး "

ရှောင်းကျန့်တို့ဖိနပ်ချွတ်ပြီးဆိုဖာပေါ်ထိုင်တော့ ရေတစ်ခွက်ကအလျင်အမြန်ရောက်လာသည်။ ရေသောက်နေရင်းမောင်နှမနှစ်ယောက်မှာ ခြေထောက်တွေကိုနှိပ်ပေးကြနေသည်။

" ဖေဖေကဖန်းဖန်းဆီလာရမယ်နော်"

" အဖေကထန်ထန်ဆီလာရမှာနော် "

" နေကြပါဦး။ ဘယ်နေ့မို့လို့လဲ အဖေတို့အလုပ်အားမအားမသိရသေးဘူးလေ"

"(မနက်ဖြန်လေ) ²"

"??"

ရှောင်းကျန့်နဲ့ရိပေါ်အပြန်အလှန်ကြည့်မိသည်။ မနက်ဖြန်တွင်တောင်လိုပုံသောအလုပ်များ ရှိနေလေသည်။
မျှော်လင့်တကြီးစောင့်စားနေတဲ့ကလေးနှစ်ယောက်ကိုကြည့်လိုက် ၊ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်နဲ့ ဗျာများနေရသည်။

" မနက်ဖြန် အဖေတို့အလုပ်ရှိတယ်။ လာဖြစ်ဖို့သိပ်မသေချာဘူး။"

ရှောင်းကျန့်ကပြန်ဖြေတော့ ထန်အာနဲ့ဖန်းအာမှာအချင်းချင်းပြန်ကြည့်မိသည်။ နှစ်ယောက်သားခဏလောက်စဥ်းစားပြီး။

" အလုပ်ပြီးရင်လာခဲ့လေ ပွဲမမှီလည်းရတယ်။ "

"ကောင်းပြီ "

ကလေးနှစ်ယောက်ရဲ့တောက်ပတဲ့မျက်ဝန်းတွေက အရောင်းမှိုင်းသွားတဲ့အခါ ရိပေါ်တို့နှစ်ယောက်ထိုင်မရထမရဖြစ်နေတော့သည်။
နှစ်ယောက်သားညမအိပ်ဘဲ စာရင်းတွေကိုအပြီးလုပ်နေခဲ့ကြသည်။

မနက်ရောက်သည့်အခါထုံးစံအတိုင်းကလေးတွေကို ကျောင်းလိုက်ပို့ပြီးနောက် အလုပ်သို့ဒုန်းစိုင်းပြေးကြတော့သည်။

ရိပေါ်မှာပို့ရမည့်ပစ္စည်းတွေကိုသေချာစိစစ်ပြီးကျန်တာတွေကို အလုပ်သမားတွေနဲ့လွှဲခဲ့တော့သည်။
ရှောင်းကျန့်မှာလည်းစာရင်းချုပ်စရာတွေကိုအမြန်နှုန်းနဲ့လုပ်ပြီး ကျန်တာကိုလက်ထောက်စီလွှဲခဲ့တော့သည်။

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Where stories live. Discover now