[ မာနတရားလား အရှက်သိက္ခာလား ခင်ဗျားအတွက်ဆို အကုန်ရိုက်ချိုးပစ်မယ် ]
ရှောင်းကျန့် ကျစ်လုန်ရုံးခန်းထဲနေထွက်လာခဲ့သည်။
စိတ်စနိုးစနောင့်ဖြစ်နေလို့ လိုက်လာခဲ့သည်မှာ တကယ်ကိုမှန်သွားလေသည်။ ထပ်ပြီးသူ့ရဲ့အသည်းအသက်ကို အနိုင်ကျင့်ခိုင်းစားနေတာ !အရေးမပါတဲ့အကြောင်းတွေကိုနောက်မှတွေးရမယ် အခုချိန်ဝမ်လေးဘာများလုပ်နေမလဲ ?
အခန်းတံခါးဖွင့်လိုက်သည်မှာမကြာသေး အထဲသို့ဆွဲခေါ်ခံရပြီး နံရံနဲ့ကပ်ထားခံရလေသည်။
နံရံအားလက်ထောက်လို့ အကြည့်စူးစူးတွေနဲ့ကြည့်နေပါသော ရိပေါ်။
"ကိုယ်တို့ဘာလုပ်ကြမလို့လဲ .. အင်္ကျီချွတ်ရမှာလား"
ထင်ချင်ရာထင်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းက ရိပေါ်ကိုကြက်သီးထသွားစေသည်။
ဘာတုန်း !!
"ဘယ်တုန်းကတည်းကအနားရောက်နေတာလဲ"
"ခန့်မှန်းကြည့်လေ "
မျက်စပစ်လို့ ကျီစယ်ဖို့ကြံရွယ်နေပြီ။
"ကျွန်တော်သွားကတည်းကလား"
"ဒါပေါ့ တစ်ယောက်တည်းဘယ်လိုများလွှတ်နိုင်ပါ့မလဲ"
နှာခေါင်းလေးကိုညှစ်လိုက်တော့ပုတ်ချခံရသည်။
"လူလိမ် !"
"မလိမ်ပါဘူး တကယ်လည်းအလုပ်ရှိခဲ့တာပဲ "
ကြည့်မရတဲ့ပုဒ်မနဲ့အရှိုက်ကို လက်သီးတစ်ချက်ပစ်ကျွေးချင်ပေမဲ့လည်း လက်လွန်မှာစိုးလို့စိတ်ကိုထိန်းနေရသည်။
"ရေသွားချိုးတော့ "
နံရံပေါ်ကလက်တွေဖယ်ခွာတော့မယ့်အချိန် အနည်းငယ်သာနိမ့်နေတဲ့မျက်နှာရှေ့တိုးကပ်လာပြီး။
"ဝမ်လေး "
နာမည်ခေါ်သည့်အခါလှည့်လာသည့်နှုတ်ခမ်းတစ်စုံက မုတ်ဆိတ်မွှေးခပ်ပါးပါးပေါက်နေတဲ့ မေးစေ့နားကိုနမ်းမိသွားလေသည်။
"ဝမ်လေးက ကိုယ့်ကိုနမ်းချင်နေတာလား ? ကိုယ်ခံစားသွားရပြီ ရေသွားချိုးလိုက်ဦးမယ်။ ပြီးရင်ကိုယ့်ကိုနမ်း ဟုတ်ပြီလား"
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom