[ ကိုယ့်ကိုမယုံရင်တောင်မှ ကိုယ့်အချစ်ကိုတော့ယုံကြည်ပေး။ ]
နေလို့ကောင်းသွားတဲ့ရိပေါ်တစ်ယောက် ယူနီဖောင်းကိုသေချာဝတ်နေသည်။ အိပ်ရာထဲကနေမထသေးဘဲ ရိပေါ်လုပ်သမျှမေးထောက်ကြည့်နေတဲ့ ရှောင်းကျန့်။
" ဘယ်သွားမလို့လဲ"
"ဗိုလ်ကြီးဆီ ကျွန်တော်အခုထိဘာမှအမိန့်မရသေးဘူး"
"ဒီကိုကြည့် "
ချိတ်ပိတ်ထားတဲ့စာအိတ်တစ်ခု။
" ရှောင်း ခင်ဗျားဆီဘယ်လိုရောက်နေတာလဲ"
"ကိုယ့်ကိုလာဖက် ၊ ပြောပြမယ်"
ဒီတစ်ခါတော့ ငြင်းဆန်ခြင်းမရှိဘဲ အိပ်ရာထဲရှိနေတဲ့ရှောင်းကျန့်ကိုသွားဖက်သည်။
ရိပေါ်ပုခုံးပေါ်မေးတင်ပြီး တစ်ကိုယ်လုံးကိုတင်းကျပ်စွာဖက်လို့။
"ကိုယ်ခိုးလာတာ "
အဖြေကိုမျှော်လင့်တကြီးစောင့်နေသောရိပေါ် ။
" (-_-;)・・・"
"စတာ ၊ စတာ မထပါနဲ့ ကျစ်လုန်လာပေးသွားတာ ကိုယ်တို့ပြန်လို့ရပြီ"
"ဘယ်တော့ပြန်မှာလဲ "
"ဒီနေ့ပဲပြန်ကြမလား "
"ကောင်းတယ်"
"ဘယ်လိုတောင်ပြန်ချင်နေတာလဲ "
"ဒီမှာမနေချင်ဘူး ပြန်မယ်"
"ဒါနဲ့ကိုယ်ဝန်ခံစရာရှိတယ်"
ရိပေါ်ကိုရင်ခွင်ထဲကနေလွှတ်ပေးလို့ မျက်နှာချင်းဆိုင်လိုက်ပြီး။
"ထပ်ပြီးမဟုတ်တာပဲလား"
"ကိုယ်အလုပ်လက်မဲ့ဖြစ်တော့မယ်ထင်တယ်"
"အလုပ်လက်မဲ့ ? ခင်ဗျားပါနှုတ်ထွက်လိုက်ပြီလား "
" မဟုတ်သေးပါဘူး။ ကိုယ်လခမရှိတော့တာကို ဘာလို့အရမ်းပျော်နေတဲ့မျက်နှာနဲ့ပြောနေတာလဲ ဟမ်"
ရိပေါ်ပါးဖောင်းလေးကို လက်ဖြင့်ဆွဲလို့ ရယ်ရင်းအမေးရှိလာသည်။ သူပျော်နေတာမြင်ရင် ကိုယ်ပါအလိုလိုပျော်လာသည်။
YOU ARE READING
[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !
Random"ခင်ဗျားမှားတာလား ကျွန်တော်မှားတာလား" "ကိုယ်မှားတာပါ" "ထပ်ပြော ဘယ်သူမှားတာလဲ" "ကိုယ်မှားတာပါ" General Xiao & Military Doctor Wang. •Zhanyi• Date To Start Writing : December 3 2020 Writer : PlumWhite_Blossom