Extra - 6

2.1K 192 1
                                    

[ Fishing ]

" အဖေ ဖေဖေ့အခန်းရှေ့မှာဘာလို့ဒူးထောက်နေတာလဲ ?"

ထန်အာကမေးတော့ ရှောင်းကျန့်ခမျာဖြေဖို့လမ်းစပျောက်နေသည်။ လည်ပင်းကိုကုတ်လိုက်ပြီးမှ။

" အဖေကမင်းဖေဖေစိတ်ဆိုးအောင်လုပ်မိလို့ "

"မမ က ဖေဖေ့ဆီသွားတော့ အဖေဘာလုပ်နေလဲမေးတယ်"

"ဖန်းဖန်းကဘယ်လိုဖြေလိုက်လဲ "

" ငိုပြီးဒူးထောက်နေတယ်လို့ဖြေလိုက်တယ် "

ဖန်းအာရဲ့လက်မထောင်ပြီးဖြေလာသည့်အဖြေကြောင့် ရှောင်းကျန့်ရင်ထဲထိသွားရသည်။ ထန်အာနဲ့ဖန်အာကိုပေါင်ပေါ်တင်ထားပြီး သားအဖသုံးယောက်တိုးတိုးတိတ်တိတ်ဆွေးနွေးနေတုန်း ရိပေါ်အခန်းထဲကထွက်လာတာကို ထန်အာကမြင်တော့။

" အဖေ ဖေဖေလာနေပြီ"

"အိုခေ "

ရိပေါ်အနားရောက်လာပြီး ရှောင်းကျန့်ကိုကြည့်မိတော့ တကယ်ကြီးငိုနေလေသည်။

" ဖေဖေ ဖန်းဖန်းတို့အဖေငိုနေပြီ။ ဖေဖေစိတ်ဆိုးပြေလိုက်ပါတော့နော်။"

" ဟုတ်တယ် ဖေဖေ အဖေငိုတာမြင်တော့ထန်ထန်ပါငိုချင်လာပြီ ဝါး "

ရိပေါ်မျက်ရိုးကိုကိုင်လို့သက်ပြင်းချမိသည်။

" ငိုနေတာရပ်တော့ ၊ စိတ်ဆိုးပြေလိုက်ပြီ"

"သားတို့မယုံဘူး ။ ဖေဖေကအ​ဖေ့ကိုဖက်ပြ"

နောက်ဆုံးမှာတော့ ရှောင်းကျန့်ကိုရိပေါ်ဖက်လိုက်ရသည်။
ရိပေါ်ကိုဖက်ထားရင်း ထန်အာနဲ့ဖန်းအာကို လက်ညိုးနဲ့လက်မဝိုင်းပြလေသည်။

မောင်နှမနှစ်ယောက်မှာဘယ်ကနေဝယ်လာမှန်းမသိတဲ့ မျက်မှန်အမည်းတပ်ထားကာ မေးပင့်ပြလေသည်။

မွေးရကျိုးနပ်တဲ့ အဲလေ မွေးစားရကျိုးနပ်တဲ့ကလေးတွေ။

ကလေးတွေကျောင်းပိတ်ရက်မှာ ပျော်ပွဲစားထွက်ဖို့သဘောတူထားတာကြောင့် မိသားစုလေးယောက် ထမင်းဘူးထုပ်ဖို့ပြင်ဆင်နေကြသည်။
ရှောင်းကျန့်တို့နောက်မှအမှီပြင်ဆင်နိုင်သည့် အရွယ်ရောက်လာသည့်ဖန်းအာနှင့် ဘာထည့်ရမှန်းမသိလို့အဖေဖြစ်သူတွေကိုတစ်လှည့် ၊ အမဖြစ်သူကိုတစ်လှည့်ကြည့်နေသည့်ထန်အာ။

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Where stories live. Discover now