Side Story - 5

1.4K 166 1
                                    

[ အိပေါ်ပေါ်လေး အာမားကိုယုံလား ]

အိပေါ်ပေါ်လေးကအဲ့နေ့ကစပြီး ကျောင်းမသွားတော့ဘူး။
အိမ်ထဲမှာပဲနေဖြစ်တော့သည်။  ဖိုးဖိုးနဲ့တောင်စကားမပြောတော့ဘူး။

သူဘာဖြစ်မှန်းမသိတဲ့ဖိုးဖိုးနဲ့ဖွားဖွားက ကျောင်းသွားဖို့ပြောနေတယ်။

"အာမားကိုတွေ့ချင်တယ်"

"မင်းအာမားကဘာများကောင်းလို့လဲ ဖိုးဖိုးစကားနားထောင်ပြီး ကျောင်းသွားလိုက်နော်"

"သားမသွားဘူး"

"ရိပေါ် လူကြီးစကားကိုမပယ်ရှားရဘူး"

"သားအာမားကိုပဲတွေ့ချင်တယ်"

"ရိပေါ် ဖိုးဖိုးစကားနားမထောင်ရင်ရိုက်မှာနော်"

"အာမားကိုပဲတွေ့ချင်တယ် "

အိပေါ်ပေါ်ရဲ့ဖိုးဖိုးကစိတ်မရှည်တော့ဘူး။ ပြောမရဆိုမရမြေးကိုထပ်ပြီးစကားမပြောတော့ဘူး။ သူ့အမေရဲ့မကောင်းတဲ့သွေးကအပြည့်ပါနေတယ်။ လူကြီးကိုရိုသေမှုမရှိဘူး။

အာမားကပြန်လာမယ်ဆိုပြီး ပြန်မလာဘူး။ အိပေါ်ပေါ်ကြောက်နေပြီ။

အိပေါ်ပေါ်ကျောင်းမတက်တာတစ်ပတ်ကြာသွားတဲ့အချိန်မှာ ဆရာကအိမ်ကိုလိုက်လာခဲ့သည်။

"ရိပေါ်ကျောင်းမတက်လို့ တစ်ခုခုများဖြစ်နေလားဆိုပြီး လိုက်လာခဲ့တာပါ"

အိပေါ်ပေါ်ရဲ့ဖိုးဖိုးက ဆရာရှေ့တွန်းပို့ပြီးနှုတ်ဆက်ခိုင်းတယ်။ အိပေါ်ပေါ်ကဆရာကိုမြင်တာနဲ့ တုန်လာရောပဲ။

"သားမနှုတ်ဆက်ချင်ဘူး ဆရာကမကောင်းတဲ့သူ"

အိပေါ်ပေါ်ကပြောတော့ လူကြီးတွေကပိုဒေါသထွက်လာသည့။ သူတို့ကရိုသေသမှုအရမ်းရှိတဲ့သူ ၊ ဆရာသမားကိုလေးစားတဲ့သူတွေ အခုလိုအပြုအမူကြောင့် သူတို့အရှက်ရတယ်။

"ရိပေါ် မင်းကနေကောင်းနေတာအခုချက်ချင်း ဆရာနဲ့လိုက်သွားပြီးကျောင်းတက် "

"သားကျောင်းမတက်ချင်ဘူး ကျောင်းမတက်တော့ဘူး"

"ရိပေါ် မင်းဒီအကျင့်တွေဘယ်ကနေသင်လာတာလဲ"

[ ZHANYI ] ဗိုလ်ချုပ်ကြီးကသူ့ယောကျာ်းကိုအလိုလိုက်လွန်းတယ် !Onde histórias criam vida. Descubra agora