part1.1

25.7K 1.7K 58
                                    

ရှောင်ကျန့် တစ်ယောက် သူရောက်နေတဲ့နေရာ
ကိုမျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောင်းစာသင်
ခန်းတစ်ခုထဲတွင်ရောက်နေသည်။

(ရိကျန့် ရေငါ့ကို ဇာတ်ကြောင်းပို့)

(Yes host)

ဇာတ်ကြောင်းရောက်လာလို့ဖတ်ကြည့်
လိုက်တော့ ကျောင်းတွင်းအချစ်ဇာတ်လမ်းလေး
ဘဲ ဇာတ်လိုက်နာမည်က ဝမ်ရိပေါ် ကျောင်းရဲ့
King ဖြစ်ပြီး မာနကြီးတဲ့သူဌေးသားတစ်
ယောက် ဇာတ်လိုက်မက ရန်လီလီ လို့ခေါ်တဲ့
ကျောင်းရဲ့ Queen တစ်ယောက် ဖြစ်သည်။
ဝမ်ရိပေါ်မှာ စေ့စပ်ထားတဲ့လူတစ်ယောက်ရှိ
ပြီးအဲ့သည်လူကအဆင့်တန်းနိမ့်ကျတဲ့
ကောင်လေးတစ်ယောက်သူ့နာမည်က
ရှောင်ကျန့် လို့ခေါ်သည်။ ရိပေါ်မှာ မိဘတွေ
သဘောအရ စေ့စပ်ထားပေမယ့်ရှောင်ကျန့်ကို
သူလုံးဝမချစ်ခဲ့ပေ။သူ့နှလုံးသားကိုအရယူခဲ့တာကတော့ရှောင်ကျန့်ရဲ့အတန်းဖော် ရန်လီလီ
ဆိုတဲ့မိန်းကလေးဖြစ်သည်။ ထိုမိန်းကလေးဟာ
အင်မတန်နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်သလိုဘက်စုံတော်သည့်သူလဲဖြစ်သည်။ ရိပေါ်မှာရန်လီလီကိုလိုက်ပေမယ့် မာနမင်းသမီးက လက်မခံခဲ့ပါဘူး။ဝမ်ရိပေါ်ဟာ သူ့ကို
ငြင်းဆန်တဲ့ မိန်းကလေးကြောင့်ပိုပြီးအချစ်တို့ခဲ့ရသည်။နောက်ဆုံးတော့လဲ ဇာတ်လမ်းသဘာဝအရချစ်သူဖြစ်သွားပြီး စေ့စပ်ပွဲဖျက်ကာ
ရန်လီလီနဲ့လက်ထပ်ခဲ့သည်။

(OMG ငါ့ crush လေးကဇာတ်လိုက်ဟ ဟိဟိ)

(Hostရေ မပြီးသေးဘူးဆက်ဖတ်)

သူဆက်ဖတ်လိုက်တော့ သူဝင်ထားတဲ့ကိုယ်က
ရိပေါ်နဲ့စေ့စပ်ထားတဲ့ရှောင်ကျန့်ဆိုတဲ့
ကောင်လေးဖြစ်သည်။သူက ရိပေါ်ကို
မြင်မြင်ချင်းချစ်ပေမယ့် ရိပေါ်ကတော့သူ့ကိုရှိ
တယ် လို့တောင်မသတ်မှတ်ထားခဲ့ဘူး။
တစ်နေ့ ရိပေါ်ဟာ သူနဲ့အခန်းဖော်ဖြစ်တဲ့
ရန်လီလီ ဆိုတဲ့မိန်းကလေးကို ချစ်ခွင့်ပန်တာ
သူတွေ့ခဲ့ရသည်။ သူ့ရင်ထဲကခံစားရတာတွေ
ကို ရိပေါ်ရှေ့ထုတ်မပြချင်တာကြောင့်
ခေါင်မိုးထပ်တွင်သူငိုနေချိန် ခုနကမိန်းကလေး
ရောက်လာကာ သူ့အား မခံချင်အောင်ရန်စခဲ့
သည်။ နောက်ပိုင်း  ရိပေါ်တို့မင်္ဂလာဆောင်ပြီး ထိုမိန်းကလေးကိုယ်ဝန်ရလာတော့ထိုကိုယ်ဝန်
ဟာ ရိပေါ်ဟာမဟုတ်မှန်း ရှောင်ကျန့်မထင်မှတ်
ဘဲသိသွားခဲ့သည်။ ဒါကြောင့် ရန်လီလီမှာ
ရှောင်ကျန့်အားအိမ်ကထွက်သွားရန်မောင်း
ထုတ်နေစဉ် သူ့ဘာသူအရှိန်လွန်ကာချော်လဲ ပြီး
ကိုယ်ဝန်ပျက်ကျခဲ့သည်။ အားလုံး ပြန်ရောက်တော့ ရှောင်ကျန့်ကြောင့်ဆိုကာ ရှောင်ကျန့်အား
လူသတ်မှူနဲ့ထောင်ချခဲ့ကြသည်။

love System 🐷🐰(Completed)Where stories live. Discover now