part 9.1

14.6K 1.1K 29
                                    

ဇာတ်ကြောင်းက ဇာတ်လိုက် ထန်တိုင်းပြည်ရဲ့
ဘုရင် ထန်ချင်​ဟောင်ဖြစ်ပြီး မိဖုရားနဲ့ကိုယ်
လုပ်တော်များစွာရှိပြီးသားသမီးများလဲရှိသည်။
အသက်ကြီးပေမယ့် အရွယ်တင်လွန်းတဲ့ဘုရင်ဟာချောမောခန့်ညားဆဲပင်။ဇာတ်လိုက်မက
တော့ ယဉ်ကျေးမှူရေးရာအမတ်ကြီးရဲ့သမီး
ရွယ်ဟွာမေ့ဖြစ်ပြီး ကိုယ်လုပ်တော်တစ်ပါး
ဖြစ်သည်။ မင်းကြီးက အစပိုင်းမှာသတိမထား
မိပေမယ့် နောက်ပိုင်း အိမ်ရှေ့စံ လေးအပေါ်ဂရုစိုက်ပြီးကာကွယ်ပေးတဲ့ ဟွာမေ့ကို မင်းကြီးက
ချစ်မိသွားရာကနေ တဖြေးဖြေးမိဖုရားခေါင်ထိ
ဖြစ်လာသည်။ နောက်ပိုင်းကျတော့အိမ်ရှေ့စံ
ဘုရင်လာချိန်မှာတောင် ဟွာမေ့က မယ်မယ်ကြီး
ရာထူးနဲ့ အာဏာရှိသူတစ်ဦးဖြစ်လာကာ
မိသားစုပျော်ရွှင်စွာမေသွားကြသည်။

သူဝင်ထားတဲ့ကိုယ်က မင်းကြီးရဲ့သွေးမတော်
သားမစပ် ပိုင်ရှအော်ဖြစ်သည်။
ပိုင်ရှအော်ဟာ မင်းကြီးရဲ့ကိုယ်လုပ်တာက
မွေးတဲသား ဖြစ်ပြီး ကိုယ်လုပ်တော်ပိုင်နဲ့မင်းကြီးအားအကိုးရဆုံးလူကမွေးခဲ့တာကြောင့်မင်းကြီး
ကမင်းသားလေးအဖြစ်ထားရှိစေသူဖြစ်
သည်။မွေးတဲ့ချိန်မှာ အမွှာဖြစ်တာကြောင့်
တစ်ယောက်ကိုသတ်ပစ်ရန်မင်းကြီးကအမိန့်
ပေးခဲ့သည်။ ဒါကို ပိုင်ကိုယ်လုပ်တော်က
သားငယ်ကိုမသတ်ရက်ဘဲ အစေခံတစ်ယောက်နဲ့အတူထွက်ပြေးစေခဲ့ကာ မင်းကြီးကိုတော့
သတ်လိုက်ပြီးဟုသိထားစေသည်။ပိုင်ကိုယ်လုပ်
တော်ဟာ သားဖြစ်သူနားလည်တတ်တဲ့အရွယ်
မှာထိုအကြောင်းရာတွေပြောပြခဲ့ပြီးသေဆုံးခဲ့
သည်။သားဖြစ်သူက သိမ်မွေ့နူးညံတာကြောင့်
အ​ကြောင်းကျိုးနားလည်ကာခွင့်လွတ်ပေးသည်။

အိမ်ရှေ့စံအသက်၅နှစ်အရွယ်မှာသူဟာ၁၄
နှစ်ဖြစ်နေပြီး ဆိုပေမယ့်အိမ်ရှေ့စံအဖော်
အဖြစ်နေပေးရသည်။
အိမ်ရှေ့စံ လေးနဲ့အဆင်ပြေပေမယ့်အထင်
မှတ်ဘဲ ကိုယ်လုပ်တော်အသစ်ဖြစ်တဲ့
ဟွာမေ့ က အိမ်ရှေ့စံ နဲ့ မင်းသား
ကြားကိုလဲအမျိုးမျိုးသွေးထိုးပေးခဲ့တာကြောင့်
အိမ်​ရှေ့စံဟာ မင်းသားအားအနိုင်ကျင့်တော့
သည်။ ဟွာ​မေ့ကမင်းသားကိုရှင်းပစ်ရန် နယ်စပ်သူပုန်ကိစ္စအားဖြေရှင်းဖို့မင်းသားကိုလွတ်ပေးရန်မင်းကြီးအားတောင်းဆိုခဲ့သည်။မင်းသားဟာ နယ်စပ်သွားပြီးအပြန်မှာဘဲ လုပ်ကြံခံထိသွားပြီးအသက်သေဆုံးခဲ့သည်။ ဖြစ်ချင်တော့ထိုနေရာကို ယခုသူဝင်ထားတဲ့ကိုယ်ပိုင်ရှင်က ရောက်လာပြီးတွေ့သွားခဲ့သည်၊အထိန်းတော်ဟာအကြောင်းစုံသိတာကြောင့်မင်းသားတွက်တရားမျှတမှူယူရန်အကူညီတောင်းခဲ့သည်။ သူကနန်းတော်သို့ကူညီရန်လိုက်လာခဲ့သည်။လက်ရှိကိုယ်ဟာနာမည်တောင်မရှိသည့်လူတစ်ယောက်ပင်။သူလဲနန်းတော်သို့ရောက်ပြီးတစ်နှစ်အကြာတခြားတိုင်းပြည်က စစ်ကြေညာတာကြောင့်ဟွာမေ့က မင်းကြီးအား အမွှာကိစ္စအစဖော်ကာယခုမင်းသားလေးဟာ အစစ်မဟုတ်ဘဲအမွှာငယ်ဖြစ်ကြောင်းဖော်ကောင်လုပ်ခဲ့သည်။မင်းကြီးကလဲ တိုင်းပြည်စစ်ဖြစ်တာသူ့ကြောင့်ဟုဆိုကာသတ်ပစ်ခဲ့သည်။

love System 🐷🐰(Completed)Where stories live. Discover now