part 7.1

15.1K 1.2K 14
                                    

ရောက်လာတဲ့ဇာတ်ကြောင်းကိုဖတ်ကြည့်
လိုက်တော့ နားလည်အောင်ပြောရမယ်
ဆိုရင် သူဝင်ထားတဲ့ကိုယ်ကစရမှာဘဲ

သူဝင်ထားတဲ့ကိုယ်က Omega တစ်ယောက်
ဖြစ်ပြီးနာမည်က အီဗန် အချိန်ပိုင်းအလုပ်တွေနဲ့
အသက်မွေးပြီး ကျောင်းတတ်နေသည့်လူဖြစ်
သည်။ သူ့မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်
အဲ့ဒါက ဒီကမ္ဘာရဲ့ဇာတ်လိုက် အိုင်ဒန် Alpha
တစ်ယောက် ပြီးတော့သူတိတ်တခိုးချစ်နေရတဲ့သူပေါ့။ တစ်နေ့သူတို့နှစ်ယောက်ကြားမိန်းကလေးသူငယ်ချင်းတစ်ယောက် ဝင်လာခဲ့တယ် သူကတော့ဒီကမ္ဘာရဲ့ဇာတ်လိုက်မ မာယာ Omegaတစ်ယောက်။ အစပိုင်းမှာအဆင်ပြေ
နေကြသေးပေမယ့် နောက်ပိုင်းကျတော့
အိုင်ဒန်က အီဗန်နားသိပ်မကပ်ဖြစ်တော့ဘူး။
အီဗန်ကတော့ဒါကိုအရမ်းဝမ်းနည်းခဲ့တယ် ။
ဒါပေမယ့် မာယာစီကပြန်ကြားရတာက အိုင်ဒန်
မှာချစ်ရမယ့်သူရှိတယ်တဲ့ အဲ့ဒါကိုသူလဲသိပါ
တယ် ကံကောင်းတဲ့omegaလေးကဘယ်သူ
လဲဆိုတာဘဲမသိခဲ့ဘူး။ တစ်နေ့ အိုင်ဒန်နဲ့မာယာကို ကျောင်းနောက်မှာတူတူတွဲတွေ့ခဲ့ရပြီးအိုင်ဒန်က မာယာကိုဖွင့်ပြောနေတာကြောင့်
အီဗန်အသဲကွဲခဲ့ရသည်။

တစ်နေ့ သူစော်ကားခံလိုက်ရပြီးအဲ့ဒီvd ကလဲ
ပြန့်သွားကာ အိုင်ဒန်မုန်းတာကိုခံလိုက်ရတဲ့
အပြင် ဘာမှမသိခင်မှာဘဲ အီဗန်အသတ်
ခံလိုက်ရသည်။

ဒါတွေအားလုံးရဲ့တရားခံက မာယာပါ။
မာယာက အိုင်ဒန်လို လူချမ်းသာကိုသဘော
ကျပေမယ့် အိုင်ဒန်က သူ့သူငယ်ချင်းအီဗန်
ကိုသာသဘောကျတာကြောင့် မာယာက
ကြားထဲကနေ ဝင်မွှေခဲ့တယ် အိုင်ဒန်တို့နှစ်ဦး
အထင်လွဲစေရန်လဲလုပ်ခဲ့တယ် ။ကျောင်း
နောက်ကိုချိန်းတဲ့နေ့က မာယာက အီဗန်လာတာမြင်တာကြောင့်အိုင်ဒန်ကို ရည်းစားစကား
ပြောဖို့အစမ်းလေ့ကျင့်ခိုင်းလိုက်တယ် ဒါကို
အီဗန်ကအထင်လွဲသွားခဲ့တယ် ။ အီဗန်မှာ
ရည်းစားရှိတယ်ဆိုပြီးတော့လဲအိုင်ဒန်ကို
မာယာဘဲ ပြောခဲ့တယ်။
အိုင်ဒန်အသည်းကွဲပြီးအရက်သောက်ချိန်မှာ
အဖော်ပြုတာကတော့မာယာပေါ့။မာယာက
အိုင်ဒန်ကိုဆေးခပ်ပြီးတူတူနေလိုက်ကြတယ်။
အိုင်ဒန်က မာယာကို အီဗန်နဲ့မှားတာကြောင့်အမှတ်သားပြုလိုက်မိတယ် ။ အီဗန်သေရတာကလဲ အိုင်ဒန်က အီဗန်ကိုမမေ့နိုင်တာကြောင့်
မာယာက သတ်လိုက်ခြင်းဖြစ်သည်။နောက်ဆုံး
မာယာ ကိုယ်ဝန်ရလာတော့ အိုင်ဒန်ကလက်
ထပ်ခဲ့သည်။

love System 🐷🐰(Completed)Where stories live. Discover now