part 2.1

18.5K 1.4K 33
                                    

ရှောင်ကျန့် သူ့အသားနာအောင်လုပ်ရင်အရမ်းမုန်းပါသည်။ခုလဲသူအရမ်းဒေါသထွက်ပြီးလူမသတ်မိအောင်ထိန်းကာ အိမ်အနောက်
ဘက်သို့လာလိုက်သည်။

(ရိကျန့်!)

(ဇောတ်ဘုတ်)

(မင်းပြောတော့မဆဲဘူးဆို)

(မဆဲပါဘူး စောင့်အုံးလိုပြောတာဇာတ်ကြောင်းပို့မလို့)

(မပို့ခင်အနာသက်သာအောင်ဆေးကုပေး)

(ဟုတ်ကဲ့ပါ host)

ဆေးကုပေးပြီးတာနဲ့ဇာတ်ကြောင်းပို့လိုက်သည်၊
ရှောင်ကျန့်တစ်ယောက်ရောက်လာသည့်
ဇာတ်ကြောင်းအားဖတ်လိုက်သည်။

ဇာတ်လိုက်နာမည်က နေလင်း ဖြစ်ပြီးကုမ္ပဏီ
CEO တစ်ယောက်ဖြစ်သည်။ဇာတ်လိုက်မ
ကတော် ခရမ်းစင်ဆိုသည့်အမျိုးသမီးဖြစ်သည်။
သူတို့နှစ်ယောက်တွေ့ဆုံပုံမှာ နေလင်း ရဲ့
ကုမ္ပဏီ ရှယ်ရာရှင်အစည်းဝေးပွဲတွင်ဖြစ်သည်။
စစချင်း ခင်မင်ရုံလေးပေမယ့် ခရမ်းစင်ရဲ့
ရေလာမြောင်းပေးမှူတွေကြောင့်ချစ်သူဖြစ်ခဲ့
ကြသည်။ ဇာတ်လိုက်ဟာအမှန်တကယ်တော့အိမ်ထောင်သည်တစ်ယောက်ဖြစ်သည်။
သူ့အိမ်ထောင်ဖက်အား သူ့ချစ်သူနဲ့အတူ
လုပ်ကြံသတ်ဖြတ်ခဲ့သည်။နောက်ဆုံး
ဇာတ်လိုက်တွေဆိုတဲ့တိုင်းအရာရာ
ကိုဖြေရှင်းနိုင်ပြီး နောက်ဆုံးပျော်ရွှင်စွာ
နေသွားကြသည်။

သူဝင်ထားတဲ့ကိုယ်က ဇာတ်လိုက်ရဲ့
အိမ်ထောင်ဖက် နာမည် တေးသံသာဖြစ်သည်။
အမှန်တကယ်မှာ တေးသံသာကတကယ့်
သူဌေးသားအစစ်ဖြစ်ပြီးနေလင်းက တေးသံသာတို့အိမ်ကခြံစောင့်ဖြစ်သည်။တေးသံသာ
ကအရမ်းချစ်တာကြောင့် နေလင်းကိုလက်
ထပ်ခဲ့သည်။ နေလင်းကလဲချစ်ပေမယ့်လက်
ထပ်ပြီးတစ်ပတ်အကြာမှာဘဲ အချိုးပြောင်း
ကာ တေးသံသာကိုအိမ်ဖော်သာသာ သာ
ဆက်ဆံသည်။ထိုထဲတွင်တေးသံသာ၏
ယောက္ခမ အပါဝင်ဖြစ်သည်။ နေလင်းတို့သားမိဟာတေးသံသာစီမှ လုပ်ငန်းတွေကိုအတင်းကျပ်ပွဲလုပ်ပြီးတရားဝင်လွဲပြောင်းယူခဲ့သည်။ပြီးနောက် ဇာတ်လိုက်မခရမ်းစင် ကိုအိမ်ပေါ်
တင်တင်ကာ သူဌေးမနေရာအဖြစ်နေစေသည်။ ခရမ်းစင် မှာ နေလင်းဟာအိမ်ထောင်သည်မှန်းသိရက်နှင့်သူအရယူခဲ့ပြီး အိမ်ပေါ်ထိတက်ကာ တေးသံသာကိုယောက္ခနှင့်ပေါင်းပြီးနှိပ်ဆက်ခဲ့သည်။တေးသံသာ မှာတစ်နေ့ဈေးသွားရင်းကားတိုက်ခံရကာအသက်သေဆုံးခဲ့သည်။

love System 🐷🐰(Completed)Where stories live. Discover now