part 8.4

13.5K 1K 38
                                    

ဝေ့လီ သူ့ရှေ့မှာဘဲလဲကျသွားတဲ့ ကွေ့အော်
ကြောင့် လန့်သွားသည်။သားငိုသံကြားမှ
သတိပြန်ဝင်လာသည်။

"အီးဟီး..ပါးပါး နာနာ"

"ရန်မိန်ချင်း!!ဖြောင်းးး"

"အ "

မိန်ချင်း တစ်ယောက် ကြမ်းပြင်တွင်လဲကျသွား
သည်။

"အားရီ! ဆရာဝန်ခေါ်စမ်းခုချက်ချင်း "

ဝေ့လီ ကွေ့အော်အားချီလိုက်ပြီး မိန်ချင်းဘက်
လှည့်ကာ

"မင်းနဲ့ငါနောက်မှတွေ့မယ် တောက်!"

မိန်ချင်းကတော့ သူမမြင်ဖူးတဲ့ ဝေ့လီပုံစံ
ကြောင့်တုန်လှုပ်သွားသည်။ ပြီးတော့ဘာတဲ့
ထုထုက ဟိုကောင့်ကိုပါးပါးတဲ့ မဟုတ်မှ...
သူမအရမ်းထိပ်လန့်သွားသည်။မဖြစ်နိုင်တာ
ဒီရုပ်ဆိုးတဲ့ကောင်က လေ သေချာအောင်
တစ်ခုခုတော့လုပ်ရမယ် ။

ဝေ့လီကတော့ မေ့နေတဲ့ ကွေ့အော် ကို
ကုတင်ပေါ်တင်ပေးပြီးဆရာဝန်အလာကို
စောင့်နေသည်။ထုထုကလဲ သူ့ပါးပါးလက်အား
ကိုင်ကာဘေးနားထိုင်နေသည်။ခနနေတော့
ဆရာဝန်ရောက်လာကာ ဆေးထည့်ပေးပြီး
သောက်ဆေးပေးကာပြန်သွားသည်။

"ထုထု...သားပါးပါးနားနေအုံးနော် ဒယ်ဒီ
အောက်ဆင်းလိုက်အုံးမယ် "

"ဟုတ် "

ဝေ့လီအောက်ထပ်ဆင်းလာတော့ မိန်ချင်း
ကိုမတွေ့တာကြောင့်

"အားရီ ဟိုမိန်းမရော"

"အခန်းထဲဝင်သွားပြီး သူဌေး"

ဝေ့လီလဲမိန်ချင်းအခန်းထဲဝင်သွားလိုက်သည်။

"ရန်မိန်ချင်း!"

"ရှင်ဘာလာလုပ်တာလဲ ထွက်သွား"

"ဖြောင်းး..ဖြောင်းး"

မိန်ချင်းပါးအား ဘယ်ပြန်ညာပြန်ရိုက်လိုက်
သည်။

"ရှင်..ရှင် လွန်မလာနဲ့"

"ဟက်...ငါကလွန်တယ်ပေါ့ ဟုတ်လား
မင်းဘာလို့ ကွေ့အော် ကိုလုပ်တာလဲဟမ်!"

"ရှင်က အဲ့ကောင်ထိလို့နာနေတာလား ဟမ် "

"ဟုတ်တယ် အဲ့ဒါဘာဖြစ်လဲ"

love System 🐷🐰(Completed)Where stories live. Discover now