part 6.6

14.4K 1.1K 52
                                    

လင်းအော်တစ်ယောက် တစ်ပတ်လောက်
အိပ်ရာထဲကမထနိုင်ဖြစ်သွားခဲ့သည်။
မိဖုရားနဲ့မင်းကြီးနှစ်ပါ အိပ်ဆောင်ဝင်တယ်ဆို
တဲ့သတင်းကလဲ တစ်နန်းတော်လုံး ပြန့်နံ့သွား
တော့သည်။ ပန်းပွဲတော်နေ့သို့ရောက်သော
အခါ နန်းတော်ရင်ပြင်တွင် လူတွေစုံလင်စွာ
ရောက်ရှိနေသည်။ခနနေတော့ဧကရာဇ်နဲ့မိဖုရားရောက်ရှိလာတာကြောင့်လူတွေက
သိသိသာသာကို ကြည့်နေကြသည်။ မိဖုရား
ကိုဧကရာဇ်နှစ်ပါးကဘေးကခြံရံကာ ပုလ္လင်
ထက်သို့တက်သွားလိုက်သည်။ဒါကိုမနာ
လိုသည့်သူနှစ်ဦးကတော့ ပိုင်ဟွေ့ဇီ နဲ့မုမု
ပင်။

ပန်းပွဲတော်မှာတစ်ယောက်ပြီးတစ်ယောက်
တကယ့်ချောပေ့လှပေ့တွေဖျော်ဖြေနေပေမယ့်
ဧကရာဇ်နှစ်ပါးကတော့ မိဖုရားကိုသာ မုန့်ခွန့်
တဲ့လူနဲ့ရေတိုက်တဲ့သူနဲ့အလုပ်ရှုတ်နေကြ
သည်။ခနနေတော့ အစေခံ တစ်ယောက်က
သေရည်အိုးလာချပေးသည်။

(Host အဲ့ဒီထဲမှာ အိပ်ဆေးပါတယ်)

(Aww ဘာလို့စိတ်ကြွဆေးမဟုတ်လဲ)

( စိတ်ကြွဆေးဆို လူရိပ်မိနိုင်တယ်လေ
အိပ်ဆေးကျ မနက်ကျရင် မူးနေလို့ မှားတယ်
ဆိုပြီးလိမ်လို့ရတာပေါ့)

သူလဲသေရည်ကိုခွက်ထဲထည့်ကာ သူ့ဘေး
က နှစ်ယောက်အားတိုက်လိုက်သည်။
ဒါကို ဟွေ့ဇီနဲ့မုမုကပြုံးပြီး ဦးရီးတော်ဘက်လှည့်
ကာ ခေါင်းညိမ့်ပြလိုက်သည်။ဒါကိုလင်းအော်
မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

* အရမ်းလင်ဆာကြတာဘဲ *

မကြာပါဘူး ဧကရာဇ် နှစ်ပါးမျက်လုံးတွေလေး
လဲလာတာကြောင့်ပွဲတော်ကပြန်သွားခဲ့သည်။
လင်းအော်ကတော့ သူ့နန်းဆောင်ကိုသာသူ
ပြန်လာလိုက်သည်။ ညသန်းခေါင်ချိန်တွင်
ဧကရာဇ်နှစ်ပါးရဲ့အဆောင်တစ်ခုစီသို့
မိန်းမနှစ်ယောက်ခိုးဝင်သွားခဲ့တာကိုတော့
ဘယ်သူမှ မတွေ့ခဲ့ပါ။

At morning

"ရွှတ်..ဟင့် "

"ကျစ်..ဘာသံလဲကွာ"

"ရွှတ် "

မန်ရှောင်နိုးလားတော့ သူ့ဘေးမှာ အဝတ်မကပ်
သည့်မိန်းမကြောင့်လန့်သွားသည်။

love System 🐷🐰(Completed)Where stories live. Discover now