part 1.7

17.7K 1.5K 51
                                    

တစ်လအကြာ

"ဝမ်ရိပေါ်! မင်းဘယ်လိုဖြစ်နေတာလဲ"

"ယုန်ပေါက်လေး အရမ်းအော်တာဘဲဝမ်းနည်း
သွားပြီး "

"မင်း..မင်းငါ့ကိုလူဆိုးဖြစ်အောင်ပြောနေ
တယ် မင်းကြောင့်ခုငါအိပ်ယာထဲလဲနေတာမ
ဟုတ်ဘူးလား"

"ယုန်ပေါက်လေးဘဲ ညကကျတော့ မရပ်နဲ့ဆို"

"အားး...ဒေါသထွက်လိုက်တာ "

(Host ဇာတ်လိုက်မက ကျောင်းမှာသူနဲ့ရိပေါ်
ချစ်သူတွေဖြစ်ပြီး ရိပေါ်နဲ့ရတဲ့ကိုယ်ဝန်ကို
လွယ်ထားရတယ်ဆိုပြီး ပြောထားတယ်)

(ဘာာ...ဘယ်ကကိုယ်ဝန်လဲ တကယ်ကိုယ်
ဝန်ရှိနေတာလား)

(မရှိပါဘူး လုပ်ဇာတ်ကြီးပါ)

(ဒီကောင်မ အကြိုက်ကလဲ သူများလင်ကိုမှလား)

နောက်တစ်နေ့ ရှောင်ကျန့်နဲ့ရိပေါ်တို့ကျောင်း
သို့ထွက်လာခဲ့လိုက်သည်။ကျောင်းရောက်တော့
အားလုံးက ရိပေါ်ကို ရွံရှာသလိုကြည့်နေကြ
သည်။ ထိုချိန် ရန်လီလီက အပြေးလေးလာကာ..

"ရိပေါ် ဒီမှာကြည့်ပါအုံးကျမတို့ကလေးလေး"

"ဘာ..ဘယ်က ကလေးလဲ "

"ဟင့် ရိပေါ်ရှင်အဲ့လိုမစိမ်းကားသင့်ဘူး ကျမက
မိန်းကလေးပါ လိမ်စရာလား "

"တောက်! နင့်ဘာသာနင်ဘယ်ကောင်နဲ့ကမြင်း
ပြီးရထားလဲမသိတဲ့ဟာကို ငါ့နာမည်ခံတယ်
ပေါ့ ဝမ်ရိပေါ်ဘာကောင်လဲဆိုတာမေ့နေတာလား!"

ရိပေါ်အော်သံကြောင့် ရန်လီလီ ပါတုန်
တက်သွားရသည်။ ဒါပေမယ့်သူဝမ်ကတော်
ဖြစ်ဖို့လက်မလျော့နိုင်တာကြောင့်...

"ရိပေါ်..."

"ဖြောင်းး"

"မောင်... တော်ပြီးသွားကြမယ် "

ရှောင်ကျန့်ကမသွားခင်ရန်းလီလီနားကပ်က...

"ငါ့ယောကျာ်းလက်သံကစိမ့်ရဲ့လား ဇာတ်လမ်း
ရိုက်မယ်ဆိုလဲ ဇာတ်ညွှန်းသေချာရေးအလိမ်
ပေါ်ရင်ရှက်စရာကြီး "

ပြောပြီးတာနဲ့ရန်လီလီပါးအားပုတ်ကာ
ထွက်သွားလိုက်သည်။

"တောက်!ရှောင်ကျန့်နင်သာပေါ်မလာရင်
ရိပေါ်ကငါ့တွက်ဘဲဖြစ်မှာ"

love System 🐷🐰(Completed)Where stories live. Discover now