part 4.4

15.7K 1.4K 75
                                    

ညနေကျောင်းဆင်းတော့ ဟာရာနဲ့အတူ
အိမ်လိုက်ခဲ့လိုက်သည်။

"လာ အွန်းဂျီ အထဲမှာအစ်ကိုရှိတယ် "

"အင်း"

(ရိကျန့် ဇာတ်လိုက်မတို့ကတော်တော်ချမ်းသာ
တာဘဲနော်)

(ဟုတ်ပါတယ် host ဒါကြောင့်ဖက်ထားသင့်တဲ့
ပေါင်လုံးကြီးပါ)

(တခြားနေရာဖက်လို့မရဘူးလား)

(Host ကပေါင်ရဲ့အပေါ်တက်တက်ပြီးဖက်ချင်
တာ ကျတော်သိပါတယ်)

(မဆိုးဘူး မင်းတော်တယ်)

ဧည့်ခန်းထဲရောက်တော့ အရမ်းချောတဲ့လူ
တစ်ယောက်ကိုသူတွေ့လိုက်သည်။ထိုလူ
ကသူတို့ကိုမြင်တာနဲ့..

"ဟာရာ ပြန်လာပြီးလား သူငယ်ချင်းပါလာ
တာဘဲ လာထိုင် "

"အစ်ကို ဒါငါပြောတဲ့ ကင်အွန်းဂျီ လေ ဘယ်လိုလဲချစ်စရာကောင်းတယ်မလား ဟိဟိ"

"အင်း "

"OMG နင် အင်းလို့ပြောတာလား အားးး
ငါအနံ့တွေရနေပြီး ဟိဟိ အေးဆေးစကား
ပြောကြ ရှောင်ပေးမယ် အဲ ဟုတ်ပါဘူး
အင်္ကျီသွားလဲအုံးမယ် "

ခုန်စွခုန်စွနဲ့ဝင်သွားတဲ့ဟာရာကိုသူတို့ခေါင်း
ခါလိုက်သည်။

"Sorry ပါ ဟာရာကြောင့်စိတ်အနှောင့်ယှက်
ဖြစ်သွားလား"

"ရပါတယ် "

"ကိုယ်က ဟာရာရဲ့အစ်ကို ဂင်အယ်ဂျောင်း"

"ဟုတ်...ကျတော်က ကင်အွန်းဂျီပါ "

သူတို့နှစ်ယောက်ကြား စကားတွေတိတ်ဆိတ်
သွားသည်။ အယ်ဂျောင်းကတော့ သူ့ရှေ့က
ယုန်ပေါက်လေးကို ပေါက်ထွက်မတက်ကြည့်
နေသည်။ အွန်းဂျီလဲ အယ်ဂျောင်းကြည့်နေတာ
ကိုသိတာကြောင့် ရှက်ပြီးမျက်နှာကြီးရဲနေသည်။

"အစ်ကို!! နင့်မျက်လုံးကြီးကျွတ်ကျတော့မယ် "

ဟာရာရဲ့အသံကြောင့်သူတို့နှစ်ယောက်လဲ
လန့်သွားသည်။

"အဟမ်း...အိမ်မှာကပြင်ဆင်ထားတာမရှိဘူး
ဒီလိုလုပ် ကိုယ်အပြင်မှာလိုက်ကျွေးမယ်
အဆင်ပြေတယ်မလား ယုန်ပေါက် "

"အားး!!ယုန်...ယုန်ပေါက် အီးး "

ဟာရာ အော်တိုင်း အွန်းဂျီလန့်လန့်သွားရသည်။

love System 🐷🐰(Completed)Where stories live. Discover now