part 8.2

13.8K 1.2K 26
                                    

ညရောက်တော့ ကွေ့အော် တစ်ယောက်
ထုထုလေးအားထမင်းခွန့်နေတုန်း အိမ်ရှေ့ကား
တစ်စီးစိုက်လာသည်။

" မားမား ပြန်လာပြီး ထင်တယ် ဦးဦး "

"သွားကြိုလိုက်လေ"

"ဟင့်အင်း...သူရိုက်မယ် "

"ရိုက်တယ် သားကိုလား"

"အင်းး"

ခနနေတော့အိမ်ထဲမိန်းမတစ်ယောက်ဝင်လာသည်။

"ကွေ့ ​အော် ငါ့အခန့်ထဲသံပုရာရည်လာပို့"

မိန်ချင်း အဲ့ဒီရုပ်ဆိုးကောင်ကို ကွေ့အော်လို
ခေါ်ရတာစိတ်ထဲမလုံချင် ဘာလို့ဆိုရင် သူ့
သူငယ်ချင်းနာမည်နဲ့တူနေလို့ပင်။

ကွေ့အော်ကတော့ ကလေးထမင်းကျွေးနေတာ
ကြောင့် တခြားလူကိုသာ ပို့ခိုင်းလိုက်သည်။
ခနနေတော့ အပေါ်ထပ်က ဝေ့လီဆင်းလာ
သည်။

"ကွေ့အော် သွားနားတော့"

"ဟုတ်ကဲ့ သူဌေး သားကို ထမင်းကျွေးပြီးရင်
နားလိုက်ပါ့မယ် "

"ရတယ် ထားခဲ့ ကိုယ်ဆက်ကျွေးလိုက်မယ် "

"ဟုတ် "

ကွေ့အော်လဲ သူ့အခန်းသူပြန်ကာ ရေမချိုး
ရသေးတာကြောင့်ရေချိုးခန်းဝင်လိုက်သည်။
အိမ်ဖော်တွေလဲတစ်ယောက်တစ်ခန်းနေတာ
ကြောင့်ညဘက်ဆို သူလွတ်လပ်သည်။
တစ်နေကုန်ပင်ပန်းတာကြောင့်ညစာတောင်
မစားဘဲအိပ်လိုက်သည်။သူအိပ်မောကျသွား
တဲ့ချိန် အခန်းထဲလူတစ်ယောက်ဝင်လာသည်
ကိုတော့သူမသိလိုက်ပါ။

ဝေ့လီတစ်ယောက် သားကဂျီကျနေသဖြင့်
ကွေ့အော် အားခေါ်ရန်အခန်းထဲဝင်လာစဉ်
ကုတင်ပေါ်က ဖြူဖြူဖွေးဖွေးနဲ့ပုစွန်လေးလို
ကွေးနေတဲ့ကောင်လေးကြောင့်အံ့သြသွား
ရသည်။အခန်းထဲလှည့်ပတ်ကြည့်ပြီးမှ ဖွက်
ထားတဲ့မိတ်ကပ်အညိုနဲ့သွားတုကိုတွေ့ပြီး
သဘောပေါက်လိုက်သည်။ ကောင်လေးအား
တစ်ချက်ကြည့်ကာအပြင်သို့ပြန်ထွက်လာ
လိုက်သည်။

နောက်တစ်နေ့မနက်တွင်

"ဦးဦး..ထတော့ "

ကွေ့အော် သူ့ဗိုက်ပေါ်က ခုန်စွခုန်စွကလေး
ကြောင့်နိုးလာခဲ့သည်။

love System 🐷🐰(Completed)Where stories live. Discover now