part 6.1

15.8K 1.2K 9
                                    

ရှောင်ကျန့်ဇာတ်ကြောင်းဖတ်ကြည့်လိုက်တော့

ဇာတ်လိုက်က ချင်တိုင်းပြည်ရဲ့မင်းကြီး
ချင်မန်ရှောင် ဖြစ်ပြီး စစ်ဘုရင်လို့နာမည်ကြီး
သည်။ ဇာတ်လိုက်မကတော့ ပိုင်ဟွေ့ဇီ
ဖြစ်ပြီး စစ်ရှုံးနိုင်ငံကပါလာတဲ့ စစ်သုံ့ပန်း
ဖြစ်သည်။ မိဖုရားတစ်ပါးသာရှိတဲ့ဘုရင်
က ပိုင်ဟွေ့ဇီကိုမြင်မြင်ချင်းချစ်ခဲ့သည်။
မိဖုရားကယောကျာ်းလေးဖြစ်တဲ့ပြင်နူးညံ့
တာကြောင့်သူသဘောမကျပေ။ ဒုတိယ
ဇာတ်လိုက်ကတော့ မင်းကြီးရဲ့အစ်ကိုတော်
စစ်သူကြီး ချင်မုရန် ဖြစ်သည်။ သူဟာ
ဇာတ်လိုက်မကိုကြိုက်ပေမယ့် ဇာတ်လိုက်မ
ကတော့မင်းကြီးကိုသာ ကြိုက်တာကြောင့်
သူ့နားကိုတွယ်ကပ်နေတဲ့ ဇာတ်လိုက်မရဲ့
အစေခံမုမု နဲ့သာလက်ထပ်ခဲ့သည်။ မိဖုရား
လား မိဖုရားကတော့ ကြင်ယာတော် ဟွေ့ဇီကို
လုပ်ကြံမှူနဲ့ခေါင်းဖြတ်ခံလိုက်ရပြီး
ဇာတ်လိုက်နှစ်ယောက်ကတော့ပျော်ရွှင်စွာနေသွားကြသည်။

သူဝင်ထားတဲ့ကိုယ်က မိဖုရား ယွမ်လင်းအော်
ဖြစ်ပြီး ချစ်ကြည်ရေးအနေနဲ့လက်ထပ်ထား
သည့် ယွမ်တိုင်းပြည်ကမင်းသားဖြစ်သည်၊
ငယ်ငယ်ထဲက နူးနူးညံညံ့လေးသာနေတာ
ကြောင့် မိန်းမဆန်လှသည်။ဒီအချက်က
ချင်ဘုရင် မကြိုက်သည့်အချက်ပင် ။
လင်းအော်ကအေးဆေးနေတတ်ပြီး မည်သူနဲ့
မှလဲအဆက်ဆံမလုပ်ပေ တစ်နေ့ စစ်သုံ့ပန်
ဖြစ်ရောက်လာသည့် မိန်းကလေးကြောင့်
အေးဆေးနေတဲ့သူဘဝ ကြီးဟာ ဆိုးရွားလာခဲ့
သည်။ ထိုမိန်းကလေးဟာ မင်းကြီးရဲ့နှစ်သက်
မှူကိုခံရတာကြောင့် အရမ်းဘဝင်မြင့်ကာ
မိဖုရားကိုတောင် အမျိုးမျိုးစော်ကားရဲတဲ့ထိဖြစ်
လာသည်။မင်းကြီးရှေ့တွင်သာအားနည်းချင်
ယောင်ဆောင်ပြီး နောက်ကွယ်တွင် မြေခွေး
လိုကောက်ကျစ်သည်။ သူ့ရဲ့ အထောက်ပံ့က
မင်းကြီးအပြင်စစ်သူကြီး ပါ ပါတာကြောင့်
မိဖုရားမှာ ပိုပြီးနှိပ်ဆက်ခံရသည်။ မိဖုရားက
စိတ်ထားကောင်းသူဖြစ်တာကြောင့် သူခံရတာ
တွေကိုဘယ်တော့မှမတိုင်ပြောခဲ့ဘူး။ဒါကလဲ
ဇာတ်လိုက်မအကြိုက်ဖြစ်သည်။ ဇာတ်လိုက်မ
ကြင်ယာတော်ဖြစ်လာတော့ သူက မိဖုရား
ခေါင်ဖြစ်ချင်တာကြောင့် မိဖုရားကိုခုတုံးလုပ်
သည်။ မိဖုရားဟာနိုင်ငံတော်ပုန်ကန်မှူနဲ့
သေဓာဏ်ချခံရပြီးအသက်ဆုံးခဲ့သည်။
ဇာတ်လိုက်မကတော့ မိဖုရားခေါင်ဖြစ်ကာ
ပျော်ရွှင်စွာနေထိုင်သွားသည်။

love System 🐷🐰(Completed)Where stories live. Discover now