part 3.1

17.7K 1.3K 110
                                    

ဇာတ်ကြောင်းဖတ်ကြည့်လိုက်တော့ အား
လုံးနားလည်အောင်ပြောရမယ်ဆို သူဝင်
ထားတဲ့ကိုယ်ကစရမှာဘဲ သူဝင်ထားတဲ့
ကိုယ်က ရှောင်ဘုရင် ​ရှောင်ချန်အန်း ဖြစ်ပြီး ရှောင်ဘုရင်မှာသမိုင်းတွင်အရက်စက်ဆုံး
ဘုရင်တစ်ပါးဖြစ်ခဲ့သည်။မိဘုရားတစ်ပါးမှမရှိဘဲ တစ်ဦးထဲနေထိုင်သူဖြစ်ပြီးသူ့နှလုံးသားကို
လှုပ်ခတ်ခဲ့တဲ့သူကတော့ နန်းတော်ထဲက ပညာသင်သားလေး ဝမ်ရှမ်လောင် ဒီကမ္ဘာရဲ့ဇာတ်
လိုက်ဖြစ်သည်။ ရှမ်လောင်ဟာယောကျာ်းပီသတဲ့ရုပ်ရည်ရှိပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး
ဖြစ်သည်။ ရှောင်ဘုရင်ဟာသူချစ်တဲ့သူစီစာလွာတွေလက်ဆောင်တွေပို့လေ့ရှိသည်။သွားပို့ပေးရတဲ့သူဟာ ဒီကမ္ဘာရဲဇာတ်လိုက်မ ဂူးဂူး
ဖြစ်သည်။ အချိတွေကြာလာတော့ ဂူးဂူးက
ပုံစံပြောင်းနေတာကြောင့် ရှောင်ဘုရင်လူလွှတ်
စုံစမ်းခဲ့ချိန် သူပြန်သိလိုက်ရတာက
သူချစ်တဲ့သူနဲ့သူ့အခိုင်းစေအပျိုတော် ရေငံ
နေကြပြီးဆိုတာကိုပင်။သူအရမ်းဒေါသ
ထွက်ကာထိုအပျိုတော်အားဖမ်းစီးစစ်ဆေးခဲ့
သည်။ ထိုအပျိုတော်ပြောသည်က ဝမ်ရှမ်လောင်
နဲ့ရတဲ့ကိုယ်ဝန်သူ့တွင်ရှိနေပြီး ဝမ်ရှမ်လောင်က
ရှောင်ဘုရင်အား လုံးဝမချစ်မနှစ်သက်ကြောင်း
ပြောခဲ့သည်။ ရှောင်ဘုရင်ဟာသူ့ချစ်သူပျော်ပါ
စေဆိုကာ ထိုမိန်းမအားလွတ်ပေးခဲ့ပြီး
လူပျိုကြီးဘဝနဲ့အရိုးထုတ်ကာ မသေဆုံးခင်
သူချစ်တဲ့ဇာတ်လိုက်စစ်သူကြီးအားထီးနန်း
လွဲခဲ့သည်။

သူမသိတဲ့အမှန်တရားမှာ ဂူးဂူးက ဇာတ်
လိုက်အားမြင်ပါများချစ်သွားပြီး တစ်နေ့
ဝမ်ရှမ်လောင်မှဂူးဂူးအားမေးရာ ဂူးဂူးက
သူချစ်လို့ခုလိုလက်ဆောင်တွေပို့ပေးတာ
ဆိုပြီး အလှူလက်ဖက်နဲ့မျက်နှာလုပ်ခဲ့သည်။
နောက်ဆုံးအမှန်တရားတစ်ခုက ဝမ်ရှမ်လောင်
ရဲ့အချစ်ဦးဟာ ရှောင်ဘုရင်ဖြစ်ခဲ့သည်။
ဝမ်ရှမ်လောင်ဟာ ရှောင်ဘုရင်ကိုမြင်မြင်ချင်း
ချစ်ခဲ့ပြီး ပုံတူပန်းချီတောင်ဆွဲထားခဲ့သည်။
သေတဲ့ထိလဲ ရှောင်ဘုရင်ကိုသာချစ်သွား
ခဲ့သည်။

(ဝါး...ဇာတ်လိုက်မကစနိုက်ကျော်တာဘဲ)

(ဟုတ်ပါတယ် host missionက
ဇာတ်လိုက်မကိုအပြစ်ပေးရန် ချစ်တဲ့သူနဲ့
ပေါင်းဖက်ရန်ပါ ပြီးတော့လေ နောက်တစ်ခုက
Host ဝင်ထားတဲ့ကိုယ်က ကော ပါ)

love System 🐷🐰(Completed)Where stories live. Discover now