Real life -10

10.5K 960 98
                                    

ကျောင်းပိတ်ရက် မနက်ခင်းတွင် ဝမ်ရိကျန့်
အလုပ်ရှုတ်နေသည်။

"ဦးဦးယွိပင် ဟိုနားကပန်းအိုးလေးရွေ့ပေး
ဦးဦးဖန်ရှင်း ဟင်းတွေအချိုဘဲချက်နော်
ဦးဦးဟောက်ရွမ်း ဟိုနားကကြမ်းပြင်ကကွက်
နေတယ် တိုက်ပေးအုံး ပါးပါး သားချွေးထွက်နေ
ပြီး အဲကွန်းနဲနဲမြင့်ပေး ဒယ်ဒီသားအရုပ်ခန်း
သန့်ရှင်းရေးသေချာလုပ်ထားရဲ့လား "

ရိပေါ်ကတော့ ဧည့်ခန်းထိပ်ဆုံးခုံမှာထိုင်ကာ
သားဖြစ်သူကိုကြည့်ပြီးခေါင်းခါလိုက်သည်။

*ဒီကောင်ဘယ်သူနဲ့တူလို့ဒီလောက်ရွလဲမသိ
ဘူး*

"မောင်... သားရဲ့သူငယ်ချင်းကို ကျိရန်းခေါ်လာ
မှာလား"

"ဟုတ်တယ် ကော ကျတော်မှာထားတယ် "

ထိုချိန် အိမ်ရှေ့က ကားရပ်သံကြောင့်ရိကျန့်
ကဘေးက နေကာမျက်မှန်ကောက်ဝတ်ကာ
အပေါက်ဝသို့ပြေးသွားလိုက်သည်။
ကားပေါ်က ကျိရန်းနဲ့အတူ အဝတ်စားခပ်
နွမ်းနွမ်းနဲ့ကလေးတစ်ယောက်ဆင်းလာသည်။
ရိကျန့်က တံခါးအားလက်ထောက်ကာမျက်မှန်
ပေါ်ကနေ ကောင်လေးအားကြည့်ပြီးသူ့ဒယ်ဒီ
လိုတစ်ချမ်းစောင်းပြုံးကာ...

"Baby Welcome ပါ "

"ရိကျန့်"

"လာ baby အထဲဝင်မယ် "

.ရိကျန့်ကမျက်မှန်လေးချွတ်ပြီးအင်္ကျီတွင်ချိတ်ကာပေါင်ပေ့လက်အားဆွဲဝင်သွားလိုက်
သည်။ဂိုဏ်းသားအချို့နဲ့ဖန်ရှင်းတို့အဖွဲ့ကတော့
တခွီးခွီးနဲ့သဘောကျနေသည်။

"ပါးပါးနဲ့ဒယ်ဒီ ဒါသားရဲ့Babyလေး"

ပေါင်ပေ့က ခါးကုန်းကာအရိုသေပေးလိုက်သည်၊

"နိဟောင် ကျတော်က ကျင်ပေါင်ပေ့ ပါခမျ "

"ဟုတ်ပါပြီး သားကရိကျန့်လေးသူငယ်ချင်းဆို
တော့ပါးပါးတို့ကို သားအဖေလိုသဘောထား
ဟုတ်ပြီးလား"

"ဟုတ် "

"Baby မနက်စာမစားရသေးဘူးမလား လာလာ"

ထမင်းစားခန်းထဲဝင်ပြီးမုန့်နဲ့နွားနို့တွေချခိုင်းကာ
သူကိုယ်တိုင်ဘေးကထိုင်ကျွေးနေသည်။

love System 🐷🐰(Completed)Hikayelerin yaşadığı yer. Şimdi keşfedin