Extra

12.6K 839 58
                                    

ရိကျန့်တစ်ယောက် အိမ်တွင် အလုပ်ရှုတ်နေသည်။ဒယ်ဒီနဲ့ပါးပါးက ကမ္ဘာပတ်နေပြီးညီမလေး
ကလဲ ဆိုင်ကယ် ပြိုင်ပွဲ တွက် US ရောက်နေ
သည်။

"ရိကျန့်... လာပါအုံး ကိုကို့ ဗိုက်ဆာတယ် "

"ခနလေး Baby မထနဲ့နော် ထိုင်နေ"

ရိကျန့် ရေခဲသေတ္တာထဲက ကိတ်လေးယူ
ကာ Babyစီလာလိုက်သည်။

"Baby နေရသက်သာလား မွေးခါနီးပြီးဆိုတော့
ခါးတွေနာသေးလား သားကရောကန်လား"

"သက်သာပါတယ် ရိကျန့်က ဒီလောက်ဂရုစိုက်
နေတာကို"

"Baby စား ကျတော်ခြေထောက်နှိတ်ပေးမယ်
ခြေထောက်တွေကဖောင်းနေတာဘဲ"

"ဖြေးဖြေးဘဲနှိတ် "

ရိကျန့်ကခုဆိုရင် ကျောင်းပြီးလို့ ကုမ္ပဏီCEO
တစ်ယောက်ဖြစ်နေပြီး ပေါင်ပေ့ကလဲ
ကိုယ်ပိုင်ဆေးရုံကဆေးရုံအုပ်ဖြစ်သည်။
ဆေးပညာအကူညီနဲ့ပေါင်ပေ့က ကိုယ်ဝန်
ဆောင်ထားတာခုဆိုရင် ၈လကျော်၉လထဲဝင်
နေပြီးဖြစ်သည်။

"ပါးပါးတို့က သူတို့မြေးလေးမမွေးခင်အမှီပြန်လာမယ်တဲ့"

"အင်းပါ ဒါနဲ့ညီမလေးပြိုင်ပွဲက ဒီညမလား"

"ဟုတ်တယ် ခနနေလာတော့မှာ"

"TV ဖွင့်ပေး"

ခနနေတော့ TV မှာ ဝမ်လင်းအော်ရဲ့ဆိုင်ကယ်
ပြိုင်ပွဲကိုကြည့်နေသည်။ထူးထူးဆန်းဆန်း
လင်းအော်က ယောကျာ်းတွေကြားမှာကြီးလို့
လားမသိဘူး ယောကျာ်းဆန်ပြီး ဇိုးဇိုးဖက်ဇက်သမားဝါသနာကလဲဆိုင်ကယ်ပြိုင်တာတဲ့
ပွဲပြီးတော့ ချန်ပီယံကို လင်းအော်က ဆွတ်ခူး
သွားသည်။

"အားး!"

"Baby!ဘာ..ဘာဖြစ်တာလဲ"

"ဗိုက်..ဗိုက်နာ..မွေးတော့မလားမသိဘူး"

"ခ..ခန "

ရိကျန့်လဲသူ့Babyကိုချီကာဆေးရုံထွက်လာ
တော့သည်။ခွဲခန်းထဲဝင်ချိန် daddyနဲ့ညီမလေး
တို့စီလဲဆက်သွယ်ထားတာကြောင့်ဟိုက
ကိုယ်ပိုင်ဂျက် တွေနဲ့ပြန်လာကြသည်။

၃နာရီအကြာ

"ကလေးရောလူကြီးကောကျန်းမာပါတယ်
သားယောကျာ်းလေးပါ"

love System 🐷🐰(Completed)Where stories live. Discover now