နောက်တစ်နေ့ ရှအော်နိုးလာတော့ မျက်နှာသစ်
ပြီးတာနဲ့ အိမ်ရှေ့စံအဆောင်သို့ထွက်လာ
လိုက်သည်။ဟိုရောက်တော့အိမ်ရှေ့စံက
အစေခံတွေကို သစ်သားဓားနဲ့ရိုက်နေသည်။"ဒါဘာလုပ်နေတာလဲအိမ်ရှေ့စံ "
"မင်းသား မမြင်ဘူးလား "
"မြင်တယ်လေ တစ်ချိန်ဘုရင်ဖြစ်မယ့်လူက
ဘာလို့ ဒီလိုရက်စက်ရတာလဲ""မင်းသားနဲ့ဘာဆိုင်လဲကိုယ့်အဆင့်ကိုယ်
မေ့နေတာလား ကိုယ်လုပ်တော်ကမွေးတဲ့
မျိုးမစစ်မင်းသားလေးရဲ့""ဖြောင်းး"
အားလုံးက မျက်လုံးပြူးကာ လဲကျနေတဲ့
အိမ်ရှေ့စံကိုတစ်လှည့်မင်းသားကိုတစ်လှည့်
ကြည့်နေကြသည်။"အိမ်ရှေ့စံ ကလေးက ကလေးစကားပြော
ခုလိုပြောတာက တစ်ယောက်ယောက်မြောက်
ပေးထားတာသိတာမို့ဒီတစ်ခါ ခွင့်လွတ်လိုက်
မယ်"သူလှည့်ထွက်သွားမှ အားလုံးကအိမ်ရှေ့စံ
ကိုပြေးထူတော့သည်။(Host ဘာလို့သွားရိုက်တာလဲ သတ်ခံထိနေမှ
ဖြင့်)( သူမလုပ်ရဲပါဘူး)
သူအဆောင်ပြန်ရောက်တော့မကြာဘူး
မင်းကြီးခေါ်တယ်ဆိုတာကြောင့်ထွက်လာလိုက်
သည်။ အိမ်ရှေ့စံ နဲ့ပတ်သတ် ပြီးခေါ်တယ်ဆိုတာလဲသိသည်။ မင်းကြီးနန်းဆောင်ကိုရောက်
တော့အထဲတွင် ဟွာမေ့နဲ့အိမ်ရှေ့စံအပြင်
လူအိုတစ်ယောက်ပါရှိနေသည်။"မင်းကြီးကိုဂါရဝပြုပါတယ် "
"ထိုင်ပါမင်းသား..ခုခေါ်လိုက်ရတဲ့အကြောင်း
ကိုသိတယ်မလား""သိပါတယ် "
"ဒါဆိုအပြစ်ပေးခံရမှာရောသိတယ်မလား"
"အပြစ်မှမရှိတာ အိမ်ရှေ့စံကရိုင်းစိုင်းလို့
ဆုံးမပေးတာ မင်းကြီးကမိဖုရားကိစ္စတွေရှုတ်
နေတယ်ဆိုတော့ ဒါကိုမသိဘူးမလား""မင်းသား!ဒါဘယ်လိုပြောလိုက်တာလဲ"
"ခမည်းတော်!စိတ်လျော့ပါ မင်းသားမှာအပြစ်
မရှိပါဘူး သားတော်ကသာ ကိုယ်လုပ်တော်
ရွယ် စကားကြောင့်မင်းသားကို စော်ကားမိတာပါ"
YOU ARE READING
love System 🐷🐰(Completed)
RomanceYizhan 🐷🐰 Starting - 1.11.2021 (owncreation) Ending- 29.11.2021 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူ...