part 8.1

15K 1.1K 16
                                    

ဇာတ်ကြောင်းဖတ်လိုက်တော့

ဇာတ်လိုက်နာမည်က ချန်ဝေ့လီ ဖြစ်ပြီး ချန်လုပ်
ငန်းစုရဲ့သူဌေးတစ်ယောက်ဖြစ်သည်။
ဇာတ်လိုက်မကတော့ ရန်မိန်ချင်းဖြစ်ပြီး သာမန်
လူတန်းစားကသာဖြစ်သည်။သူတို့နှစ်ယောက်
ဟာချစ်သူတွေမဟုတ်ပေမယ့်အမှားတစ်ခု
ကြောင့်ကလေးရကာ လက်ထပ်ခဲ့ကြရပြီး
မိန်ချင်းဟာ လက်ထပ်ပြီးထဲက အိမ်မကပ်ဘဲ
သုံးဖြုန်းနေသည်။ ဝေ့လီကတော့ အလုပ်တွေမအားတာကြောင့် မိန်းမကို လှည့်မကြည့်နိုင်ပေ။
သားလေးကိုတော့ ကလေးအသက် ၂နှစ်မှာ
ကလေးထိန်းငှါးထားရသည်။ ဝေ့လီနဲ့မိန်ချင်း
ဟာဘယ်တော့မှ မျက်နှာချင်းမဆိုင်ကြပေ။
မိန်ချင်းကလဲ သားဖြစ်သူကိုတောင်နို့မတိုက်တဲ့
မိခင်ဖြစ်ပြီး ကလေးကိုတောင်တစ်ခါမျှမချီပေ။
နောက်ပိုင်း ကျတော့ မိန်ချင်း ဖောက်ပြန်တာ
ဝေ့လီသိသွားပြီးစကားများရာကနေ ကွာရှင်းဖို့
ထိဖြစ်လာသည်။ မကွာရှင်းခင်နေ့မှာဘဲဝေ့လီ
ကားမတော်တစဖြစ်ကာသေဆုံးခဲ့သည်။
မိန်ချင်းက ဝေ့လီရဲ့စည်းစိမ်တွေအပိုင်သိမ်းပြီး
ကလေးကိုမိဘမဲ့ဂေဟာပို့ခဲ့သည်။

သူဝင်ထားတဲ့ကိုယ်ကို လင်ကွေ့အော် လို့ခေါ်
တဲ့ကလေးထိန်းဖြစ်သည်။ဘာလို့ကလေးထိန်း
လာလုပ်ရလဲဆိုတဲ့အကြောင်းရင်းရှိသည်။
လင်ကွေ့အော်အရင်က barမှာ စားပွဲထိုးလုပ်
ရင်းတစ်နေ့လူတစ်ယောက်နဲ့အိပ်မိပြီးကိုယ်
ဝန်ရခဲ့သည်။ ဒါကိုသူငယ်ချင်းဖြစ်သူ မိန်ချင်း
အားပြောပြတော့ မိန်းချင်းကအစကဖျက်ချခိုင်း
ပေမယ့် ကလေးအဖေအားစုံစမ်းပြီး တာနဲ့
ကိုယ်ဝန်အားမွေးခိုင်းခဲ့သည်။ကလေးမွေးပြီး
မိန်ချင်းက ကလေးခေါ်ကာ သူတို့မြို့လေး
ကထွက်သွားခဲ့သည်။ ကွေ့အော် ကတော့
သတိရတာနဲ့ ကလေးရောသူငယ်ချင်းရော
ပျောက်နေတာကြောင့်အရူးမီးဝိုင်းဖြစ်ခဲ့ရသည်။
နေကောင်းလာမှစုံစမ်းတော့ မိန်ချင်းက
ကလေးအဖေစီသွားပြီးကလေးကိုသူမွေးထား
ကြောင်းပြောကာလက်ထပ်ခဲ့သည်ဟုကြားခဲ့
ရသည်။ သူလဲ ကလေးနားနေချင်တာကြောင့်
ကလေးထိန်းခေါ်ချိန်မှာ ရုပ်ဖျက်ပြီး ဝင်လျောက်
ခဲ့သည်။ကံကောင်းစွာဘဲ အလုပ်ရကာ သား
လေးအားရင်ဝယ်ပိုက်နိုင်ခဲ့သည်။ ရုပ်
ဖျက်ထားတာကြောင့် မိန်ချင်းလဲသူ့ကိုသတိမထားမိပေ။ ကြာလာတော့ သူ ဝေ့လီကိုချစ်မိလာပေမယ့်လက်ရှိမှာမိန်ချင်းယောကျာ်းဖြစ်
နေတာကြောင့် သူ့ရင်ထဲသာသိမ်းထားခဲ့သည်။
နောက်ပိုင်း မိန်းချင်းတို့ကွာရှင်းဖို့ဖြစ်လာပြီး
မကြာဘူးဝေ့လီသေဆုံးခဲ့သည်။ တရားခံကိုသိ
နေတဲ့ သူကိုယ်တိုင်လဲအသတ်ခံခဲ့ရသည်။

love System 🐷🐰(Completed)Where stories live. Discover now