part 2.7 (end)

15.9K 1.4K 52
                                    

(ရိကျန့်မင်းမှာ အူတွင်းကလီစာတွေပျက်တောက်ပြီးသေတဲ့အဆိပ်ရှိလား)

(ရှိတယ် ဘာလုပ်မလဲ)

(ငါ့ရှေ့ကထမင်းနှစ်ပန်းကန်ထဲထည့်ပေး)

(Host နော်ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုသတ်
မလို့လား)

(မင်းကငါ့ကိုကူဖို့မဟုတ်ဘူး လျှာကိုရှည်တယ်)

(ဝွန်း..)

ခနနေတော့ နေလင်းနဲ့ခရမ်းစင်ရောက်လာ
သည်။

"လာကြပြီးလား လာလာအဆင်သင့်ဘဲ"

တေးက ထမင်းစား ခန်းထဲသို့ခေါ်လာလိုက်
သည်။ဘုန်းမင်းကလဲ ထမင်းစားခန်းထဲတွင်
သာစောင့်နေသည်။

"စားကြနော် ငါသေချာချက်ထားတယ် "

"အဟင်း...ထူးထူးဆန်းဆန်းထမင်းစားဖိတ်
တာဘာကိစ္စရှိလို့ လဲ"

"အော် ဒါလား ငါ့ခင်ပွန်းနားချဉ်းကပ်နေတဲ့
လူနဲ့အကြံပေးတဲ့လူကိုမြင်ဖူးချင်လို့လေ "

တေးစကားကြောင့်နေလင်းတို့လန့်သွားသည်။

"အဟင်း...တေးကနောက်တတ်သားဘဲ "

"ဒါနဲ့ ဒေါ်ထိပ်ထားစံ ဆုံးသွားတာတောင်မသိ
လိုက်ဘူး သူကကျွတ်မယ်မထင်ဘူး ငါ့စည်း
စိမ်တွေကိုစွဲပြီးပြိတ္တာဖြစ်နေမှာသေချာတယ်
သူနဲ့အဖော်ရအောင်မင်းတို့မလိုက်သွားချင်ဘူးလား"

"ချလွင်း "

တေးစကားကြောင့်ဇွန်းခရင်းသံတွေဆူညံသွား
သည်။

"ဘာစကားပြောတာလဲ တေးသံသာ"

"အော် မင်းနဲ့ဟိုမိန်းမ မကြာခင် ပြိတ္တာမကြီး
နဲ့တွေ့ရတော့မယ်လို့လေ ဘာလို့လဲသိလား
မင်းတို့စားတဲ့ထမင်းထဲငါအဆိပ်ထည့်ထား
တယ်"

"ဘာာ!!"

"ဟားဟားဟား...ကြောက်နေပြီးလား"

ဘုန်းမင်းကလဲဘေးကနေသာငြိမ်ပြီးကြည့်နေသည်။

*တေးဘယ်တုန်းအဆိပ်ထည့်လိုက်တာလဲ*

ခနနေတော့ရှေ့ကနှစ်ယောက်ရဲ့ပါးစပ်မှ
အမြုတ်တွေထွက်လာကာဆက်ငင်ဆက်ငင်နဲ့
သေဆုံးသွားပြီး တေးကတော့ဒါကို ဝိုင်
သောက်ရင်းပြုံးကာကြည့်နေခဲ့သည်။

love System 🐷🐰(Completed)Where stories live. Discover now