part 9.4

12.7K 1.1K 19
                                    

တစ်ဖက်က ဟွာမေ့ကလဲ မင်းကြီးရှေ့တွင်ထိုင်
ကာအရင်ကအမွှာအကြောင်းအစဖော်လေ
သည်။

"အရှင်...မင်းသားရှအော်ကမွေးတုန်းကအမွှာမလား "

"အင်း"

"ကိုယ်လုပ်တော်ပိုင်က သားငယ်ကိုမသတ်ဘဲ
အစေခံနဲ့ထွက်ပြေးခိုင်းတယ်လေ ပြီးတော့
ခု မင်းသားက အရင်ကနဲ့မတူတာမင်းကြီးလဲ
သိတယ်မလား"

"ဘာကိုပြောချင်တာလဲ"

"အေးချမ်းနေတဲ့ တိုင်းပြည်ကိုရုတ်တရက်စစ်
ကြေညာတာမထူးဆန်းဘူးလား မင်းသား
ရှအော် က အမွှာအငယ်ဖြစ်နေလို့ခုလိုတွေ
ဖြစ်လာတာလားမသိဘူးအရှင် "

မင်းကြီးလဲသေချာစဉ်းစားလိုက်ပြီးနောက် အထိန်းတော်အား မင်းသားကိုခေါ်ဆောင်ရန်အမိန့်ပေးလိုက်သည်။

ရှအော်တစ်ယောက် အိမ်ရှေ့စံနဲ့တစ်တီတူးနေ
စဉ်မင်းကြီးအခေါ်လွှတ်တယ်ဆိုတာကြောင့်
သူလိုက်သွားလိုက်သည်။နန်းဆောင်ရောက်
တော့ထင်တဲ့တိုင်း ဟွာမေ့ပါရှိနေသည်။

"မင်းကြီးကိုဂါရဝပြုပါတယ် "

"ထိုင်ပါ"

"ဘာအကြောင်းများရှိလို့ပါလဲ"

"မင်းက ရှအော်အစစ်မဟုတ်ဘူးမလား"

"ဘယ်သူပြောတာပါလဲ မင်းကြီး မဟုတ်မှ
ကိုယ်လုပ်တော် ရွယ် လား "

"ဘယ်သူပြောလဲထားပါ ဟုတ်မဟုတ်ဖြေ"

"ဟုတ်တယ် ရှအော်အစစ်က လုပ်ကြံခံရလို့
သေသွားပြီး ကျတော်က ရှအော်ရဲ့ညီဘဲ"

" မင်းကြောင့်ခုတိုင်းပြည်မှာဘာတွေဖြစ်လဲနားလည်လား မင်းကိုနေကွယ်တာနဲ့ကွတ်မြတ်ရ
မယ် "

"နေအုံး ရှအော်ကိုလုပ်ကြံတာဘယ်သူလဲမသိ
ချင်ဘူးလား"

ထိုချိန် ဟွာမေ့က

"သိလဲရှအော်ကပြန်မှမရှင်လာတော့တာ"

"အဟင်း...ပြန်မရှင်ပေမယ့် ကျတော်က
ရှအော်တွက် ကလဲ့စားချေအုံးမှာ ရွယ်ဟွာမေ့"

"တော်တော့ မင်းနာမည်ကဘာဘဲ"

"ကျတော်က နာမည်မရှိဘူးမင်းကြီး ခုရှအော်
မဟုတ်တာသိပြီးဆိုတော့ ကျတော့နာမည်ကို
ကျတော်ကိုယ်တိုင်ပေးမယ် ကျတော့နာမည်
ရှောင်ကျန့် "

love System 🐷🐰(Completed)Where stories live. Discover now