part 3.3

15.7K 1.3K 64
                                    

တစ်ပတ်ကြာသော်

ရှောင်ဘုရင်တစ်ယောက်ညီလာခံတွင် စိတ်
ညစ်နေသည် ။

"အဲ့တော့ ငါကမိဖုရားမြောက်ရမယ်ပေါ့
ခုငါကမိဖုရားမရှိလို့ ပြည်သူတွေကပ်ဆိုက်နေတာပေါ့ ဟုတ်လား"

"ဟုတ်ပါတယ် မင်းကြီး"

"ဒုန်း! ငါမိဖုရားမြောက်ရင် ကပ်ဘေးကလွတ်
မယ်လို့ မင်းတို့အမေ့လင်ကပြောလား ဟမ်!
ကပ်ဘေးအကြောင်းပြပြီး မင်းတို့ရဲ့သမီးတွေ
ကိုမိဖုရားဖြစ်စေချင်တာမလား ပြီးရင် အာဏာလုမယ် ဟုတ်တယ်မလား"

မင်းကြီးစကားကြောင့်လူတစ်ချို့ကတော့အရှိုက်
ထိကုန်သည်။

"ငါကိုယ်တော် ကပ်ရောဂါဖြစ်နေတဲ့လူတွေ
ကိုကြည့်ဖို့မနက်ဖြန် နန်းပြင်ထွက်ရလိမ့်မယ်"

"မင်းကြီး မသင့်တော်ကြောင်းပါ ရောဂါက
ကူးစပ်ရောဂါပါ မင်းကြီး"

"တိတ်စမ်း!မင်းတို့ကိုမခေါ်သွားဘဲ ငါလူတစ်
ချို့ဘဲခေါ်သွားမှာ ညီလာခံသိမ်းမယ် "

ရှောင်ချန်အန်း ညီလာခံသိမ်းပြီးနန်းဆောင်သို့
ပြန်လာလိုက်သည်။လမ်းတွင် ဝမ်ရှမ်လောင်
နှင့်ဆုံသည်။

"မောင်...အဟမ်းမောင်မင်းရှမ်လောင် "

"အရှင့်ကိုဂါရဝပြုပါတယ်"

ဂူးဂူးကတော့ရှမ်လောင်ကိုမြင်ထဲကမျက်
နှာလေးပန်းရောင်သန်းနေသည်။

"ငါ့နန်းဆောင်ကိုလိုက်ခဲ့တိုင်ပင်စရာရှိတယ် "

"ဟုတ်ကဲ့ "

ရှမ်လောင်က တခြားသူတွေရှိတာကြောင့်
အစေခံတွေနားကိုကပ်လိုက်သည်။

"ဘယ်နားသွားကပ်တာလဲ ငါ့နားလား"

"ဟုတ် "

သူတို့နှစ်ယောက်ဘေးချင်းကပ်လျောက်ကာ
ပြုံးနေကြသည်။တစ်ခါတစ်ခါလက်တွေကလဲ
ဝတ်ရုံအောက်ကနေထိထိ နေသည်။ ပုံမှန်
အားဖြင့်အစေခံတွေက မင်းကြီးကိုမော်မကြည့်ရတာကြောင့်မင်းကြီးကိုမမြင်နိုင်ပေမယ့်ဂူးဂူး
ကတော့ ရှမ်လောင်ကိုခိုးကြည့်တာကြောင့်
မြင်လိုက်သည်။ သူမချက်ချင်းဝတ်ရုံကိုတင်း
တင်းစုတ်ကိုင်ထားလိုက်မိသည်။

love System 🐷🐰(Completed)Where stories live. Discover now