∆5∆ (⚠︎)

11.1K 867 192
                                    

"မင်းကရဲလား??"

ဂျီဝမ်ထွက်သွားမှမေးလာသော
ဂျွန်ဂျောင်ကုခေါ်နှာဘူးကောင်။

မသိဘူး..နှာဘူးကောင်လို့ခေါ်ရတာပို
ကောင်းတယ်။

လူကြားထဲသရုပ်မှန်ကိုဖုံးကွယ်
ထားလည်းဂျီဝမ့်ကြောင့်အကုန်
ပေါ်သွားတော့သည်။

တော်ပါသေးရဲ့နှာဘူးကောင်က
လူဆိုးသူခိုးမဟုတ်ပေလို့။

ဘူးကျတာလေးကလွဲပေမယ့်ပေါ့။

"အင်း ဟုတ်တယ်"

ထယ်ယောင်းပြန်ဖြေလိုက်တော့‌
ဂျောင်ကုကသူ့စားလက်စကိုပြန်
ဆက်စားလေသည်။

"မင်းကောဘာအလုပ်လုပ်လဲ"

ရင်းနှီးတဲ့ဆက်ဆံရေးမျိုးမဟုတ်ပေမယ့်
ရဲတစ်ယောက်ဖြစ်၍ကိုယ်နဲ့‌ပေါင်းနေသည့်
လူအကြောင်းသိသင့်သည်မို့မေးလိုက်တော့
ဂျောင်ကုကစားလက်စကိုရပ်ကာမော့
ကြည့်လာသည်။

"ဘာလဲ မင်းလင်အလုပ်ကိုသိချင်တယ်ပေါ့"

"သေလေ! ဘောကိုငါ့လင်"

ထိုကောင့်စကားကြောင့်လိမ်မာတဲ့
ပါးစပ်လေးကလွှတ်ခနဲချစ်ဖွယ်
စကားတွေထွက်လာတော့သည်။

ဒီကောင်ကလေအသားမယူရရင်
တောင်စကားနဲ့‌တော့ရအောင်အသား
ယူလိုက်ရမှ။

ထယ်ယောင်းဆဲလိုက်တာတောင်
ဒီကောင်ကအပြုံးမပျက်ပေ။

"အင်း ငါ့ဘောကမင်းအပိုင်"

*အဟွတ် ဟွတ်*

ဂျောင်ကုစကားကြောင့်သောက်နေတဲ့
ရေတောင်နှာခေါင်းထဲကပြန်ထွက်ကုန်သည်။

"ရားး နှာဘူးကောင်!!
မင်းရိုင်းလှချည်လားဟမ်!!"

"မင်းအရင်စဆဲတာလေ ငါကမင်းလို
မဆဲတတ်ဘူး လက်တွေ့ပဲပြတတ်တယ်
ကြည့်မလား??"

တော်ပြီ!ဆက်ပြောနေရင်ထိုကောင့်ကို
လက်ထိပ်ခတ်ပြီးအချုပ်ထဲထည့်ချင်
လာပြီ။

ဒေါသကိုမြိုချကာမျက်စိရှေ့က
တော့ပိုကီကိုကောက်စား‌လိုက်
တော့အစပ်အရသာ‌ကြောင့်လူက
ကမ္ဘာပျက်မတတ်။

အစပ်မစားနိုင်သူပီပီအစပ်အရသာသေး
သေးလေးတောင်ထယ်ယောင်းမှာအရပ်
ကယ်ပါဆိုပြီးတရမလို။

No Position√Nơi câu chuyện tồn tại. Hãy khám phá bây giờ