∆17∆

5.7K 576 355
                                    

ဂေဟာကအပြန် ပင်လယ်စာ
ခေါက်ဆွဲစားချင်တယ်ဆိုသော
အလှလေးကြောင့် marketသို့
ရောက်ရှိနေသောဂျောင်ကုနှင့်
အလှလေးကင်မ်။

တွန်းလှည်းကို ဂျောင်ကုကတွန်းနေပြီး
အလှလေးကတော့ ဂျောင်ကုလက်မောင်း
ကိုသူ့အပိုင်ဖြစ်ကြောင်းကိုင်ဆွဲရင်းပါလာ
လေရဲ့။

အလှလေးဒီ‌လိုမကြော်ငြာလည်း
ဂျောင်ကုစိတ်ထဲအလှလေးကလွဲရင်
ကျန်တာဖွဲနဲ့စကွဲသာ။

ယောကျာ်းလေးအချင်းချင်း
လက်ကိုင်ထားလို့လမ်းကလူတွေက
အထူးအဆန်းသဖွယ်လိုက်ကြည့်ကြ
လည်း အလှလေးရောဂျောင်ကုရော
စိတ်ထဲခံယူထားတာမနာလိုလို့ကြည့်
ကြတာဟူ၍ပင်။

ဂျောင်ကုရော၊ အလှလေးရော
ပတ်ဝန်းကျင်ကိုသိပ်အလေးမထား
သည်မို့ ဘယ်သူတွေဘာပြောပြော
တစ်ယောက်မျက်နှာသာတစ်ယောက်
ကြည့်သည်။

ချီးမွမ်း၇ရက်၊ ကဲ့ရဲ့၇ရက်တွေ
စိတ်မဝင်စား။

ဒါတွေက အလှလေးမျက်နှာညိုးတာ
လောက်ဂျောင်ကုအတွက်အရေးမကြီးသည်မို့။

အချက်အပြုတ်မကျွမ်းပေမယ့်
စားတာတော့ကျွမ်းသည်ဆိုသော
အလှလေးကြောင့်ဂျောင်ကုကသာ
ပါဝင်ပစ္စည်းတွေကိုဒိုင်ခံဝယ်ရသည်။

ဆိုင်ကဟာထက်'မင်းလုပ်ကျွေးတာ
လေးစားချင်ပါတယ်'ဆိုတော့ဒီကောင်
ကြီးကမတတ်ကျွမ်းလည်းတတ်ကျွမ်း
ရတော့မှာပင်။

ဒါမယ့်ဘာအရေးလဲ ဂျောင်ကုဆိုတာ
မွေးကတည်းက မလုပ်တတ်တာဘာမှ
မရှိတာမို့ ပင်လယ်စာခေါက်ဆွဲလည်း
နည်းကြည့်ပြီးလုပ်ရင်ရတာပဲဟာ။

အဓိကက ဂျောင်ကုအလှလေးစားချင်
တာစားရဖို့..။

"အဲ့တာပြန်ချထားလိုက်ပါ..ကင်မ်"

ဂျောင်ကု ပုစွန်ရွေးနေတုန်းလှစ်ခနဲ
ပျောက်သွားသောအလှလေးကြောင့်
လိုက်ရှာမိတော့ရေခဲမုန့်တန်းမှာကလေး
တွေနဲ့အပြိုင်ရေခဲမုန့်ရွေးနေသည်။

ဂျောင်ကုပြောလိုက်တော့ ရေခဲမုန့်ဘူး
ကိုင်ထားရင်းသူခိုးလူမိသလိုအကြည့်
လေးနှင့်လာကြည့်လေတယ်။

"ငါစားချင်လို့လေကွာ"

နှုတ်ခမ်းကိုစုချွန်ပြီး ‌ခြေလေးပါဆောင့်ကာ
ပြောလာတဲ့ကင်မ်ကရဲပါဆိုလျှင်လည်ဖြတ်
ပြောတောင်ယုံကြမည်မထင်။

No Position√Where stories live. Discover now