∆11∆

6.2K 703 196
                                    

ယူဂျင်းအိမ်သာကပြန်ထွက်လာတော့
ထယ်ယောင်းက‌‌နေရာတွင်ရှိမနေ။

အိတ်ကပ်ထဲကဖုန်းထုတ်ကာဆက်ကြည့်
တော့လည်းဖုန်းမကိုင်ပေ။

ထိုစဉ်အရေးပေါ်လှေကားအနားက
ဖုန်းသံကြားလိုက်ရသည်မို့သွားကြည့်
တော့ကျနေသည့်ထယ်ယောင်းဖုန်း
ကြောင့်ယူဂျင်းခေါင်းကြီးသွားသည်။

ထယ်ယောင်းကအခုလိုဖုန်းပြုတ်ကျ
တဲ့အထိအာရုံပျံ့လွင့်နေမယ့်သူမဟုတ်။

အမြဲတမ်းသတိရှိတတ်သည့်ထယ်
ယောင်းကအခုလိုဖုန်းပြုတ်ကျနေ
သည်ကထူးဆန်းဖွယ်ကောင်းလွန်း
သည်။

အရင်ကပျောက်သွားတဲ့မိန်းကလေး
တိုင်းသူတို့ရဲ့ဖုန်းကနေရာမှာကျကျန်
ခဲ့တာချည်းပဲမို့သေချာတာတစ်ခုက
ထယ်ယောင်းပြန်ပေးဆွဲခံရပြီ။

ထို့ကြောင့်ယူဂျင်းနံပတ်တစ်ခုကို
အလျင်အမြန်နှိပ်လိုက်ရင်း..

"ဟယ်လို အဖွဲ့တစ်ကိုဒီဘက်လွှတ်
ပေးပါ၊စုံထောက်ကင်မ်ထယ်ယောင်း
ပြန်ပေးဆွဲခံရလို့"

ဖုန်းထုတ်ကာအကြောင်းကြားပြီး
နောက်ဒီအထပ်ကစီစီတီဗီပြန်စစ်
ကြည့်ရန်ထွက်လာခဲ့တော့သည်။

ငါသေချာပေါက်ကယ်မှာမို့တောင့်ခံ
ပေးထားပါ... ထယ်ယောင်းရယ်။

ထယ်ယောင်းကကြံ့ခိုင်ပြီးသန်မာတယ်
ဆိုတာသိပေမယ့်တကယ်စိတ်ပူမိတာ
တော့အမှန်ပဲ။

ဘာလို့ဆို..ဟိုစိတ္တဇကောင်က
ရူးနေတာလေ။

______

တင်းကျပ်နေသည့်ခံစားချက်ကြောင့်
လူကသက်သောင့်သက်သာဖြစ်မနေဘဲ
နိုးထလာရသည်။

လက်ကလည်းကြိုးဖြင့်တုပ်နှောင်ခံ
ထားရပြီးခြေထောက်ကိုလည်းတုပ်
နှောင်ခံထားရမှုကြောင့်သတိမမေ့ခင်
အခြေအနေကို‌ထယ်ယောင်းခေါင်းခါ
ကာပြန်စဉ်းစားကြည့်တော့ယူဂျင်းကို
စောင့်နေရင်းလိုင်းမမိလို့လှေကားဘက်
ထွက်ရင်းမေ့ဆေးအအုပ်ခံလိုက်ရကာ
ပြန်နိုးလာတော့ဒီနေရာတွင်ရောက်နေ
ခဲ့သည်။

ပတ်ဝန်းကျင်အနေအထားကိုထယ်
ယောင်းလေ့လာမိတော့မှောင်မဲနေ
သည့်အပြင်အလင်းဟာလည်းမှိန်
ပြပြသာ။

No Position√Where stories live. Discover now