∆21∆

5.5K 531 279
                                    

ဆေးရုံရောက်၍ကားပေါ်က
ဆင်းချိန်တွင်ဂျောင်ကုသည်
သတိမေ့နေသောထယ်ယောင်း
ကိုယ်‌လေးအားငှက်မွှေးလေး
သဖွယ်တယုတယပွေ့ချီကာ
ဆေးရုံထဲသို့ခေါ်ဆောင်ခဲ့လေသည်။

ခြေလှမ်းကျယ်ကြီးတွေဖြင့်
Operation roomရှိရာကိုသာ
တစ်စိုက်မက်မက်သွားနေပြီး
လမ်းမှာပိတ်နေတဲ့မည်သည့်
အရာမဆိုတွန်းဖယ်၍ဖြစ်စေ
အော်၍ဖြစ်စေကျော်ဖြတ်ကာ
Emergencyကတွန်းလှည်း
လာပေးတာတောင်အတင်မခံ
ဘဲသူကိုယ်တိုင်သာပွေ့ချီသည်။

ဂျောင်ကုအနောက်က
အမောတကောလိုက်နေရ
သည့်ယူဂျင်းတို့မှာတော့
ထယ်ယောင်းကိုစိတ်ပူရတာ
တစ်ဖက်၊ မောရတာတစ်ဖက်
ဂျောင်ကုဝင်တိုက်သွားသည့်
သူများကိုတောင်းပန်ရတာ
တစ်ဖက်နဲ့ဗျာများနေတော့၏။

"လူနာကဘာဖြစ်လာတာလဲ"

ဆရာဝန်တစ်ယောက်ရဲ့
လမ်းပြမှုကြောင့်operation
အခန်းရှေ့ကိုရောက်လာပြီး
နောက် တာဝန်ကျဆရာဝန်က
ဂျောင်ကုလက်ပေါ်ကထယ်
ယောင်းကိုကြည့်ကာမေးသည်။

"သေနတ်မှန်လာတာ။
ရအောင်ကယ်ပေးပါ၊
သူကကျတော့်ဘဝမို့
ကျတော့်အရာရာမို့
ရအောင်ကယ်ပေးပါ"

ဂျောင်ကုကလက်ထဲက
ထယ်ယောင်းကိုကြည့်ကာ
တစ်တွတ်တွတ်ဆိုလေတယ်။

"ဒါဆို လှည်းပေါ်တင်‌လိုက်
ပါ..ကျတော်တို့ဘက်က
အကောင်းဆုံးကြိုးစားမှာပါ"

ဆရာဝန်ပြောစကားကြောင့်
ဂျောင်ကုကလှည်းပေါ်ထယ်
ယောင်းကိုယ်လေးကိုပွေ့တင်
ပြီးမျက်ရည်ကျ၍ကြည့်လေသည်။

ဘဝမှာတစ်ခါမှမငိုဖူးတဲ့
ငါကမင်းကြောင့်ငိုတတ်ခဲ့ပြီ။

ငါ့ဘဝရဲ့မီးအိမ်ရှင်က
မင်းမို့မင်းကအလင်းပေးဖို့
အနားပြန်လာမှဖြစ်မှာ။

လက်ဖမိုးလေးကို
ဖွဖွနမ်းပြီးစိတ်ထဲက
တောင်းဆိုမိနေသည်။

"လူနာကိုအခန်းထဲခေါ်
ရပါတော့မယ်၊ အရှေ့က
‌စောင့်နေပေးပါ"

Operation roomထဲပါသွား
သည့်ကိုယ်လုံးလေးမြင်ကွင်း
ထဲကပျောက်သည်အထိဂျောင်
ကုလိုက်ကြည့်နေမိသည်။

No Position√Hikayelerin yaşadığı yer. Şimdi keşfedin