∆16∆

6.1K 622 317
                                    

ခါးသိမ်သိမ်လေးထက်တွင် သွယ်လျ
သည့်လက်တစ်စုံဟာနေရာယူထား၍
တောင့်တင်းပြီးကျယ်ပြန့်လှသည့်ကျော
ပြင်ကျယ်တွင်ပါးတစ်စုံဟာအပ်ထားကာ
လေအဟုန်ကိုဆန်၍မောင်းနှင်နေသော
ဆိုင်ကယ်လေးတစ်စီး။

မောင်း‌သူဂျောင်ကုဟာလည်း
အပြုံးရေးရေးပေါ်အောင်ပြုံးနေ
သလိုအနောက်ကလိုက်ပါလာသည့်
ထယ်ယောင်းသည်လည်း‌ဂျောင်ကုခါး
ကိုဖက်ထားရင်းအပြုံးရေးရေးပေါ်နေ
ခဲ့သည်။

ချစ်ရသူနဲ့ရှိတဲ့အချိန်တိုင်းဟာ
ပျော်ရွှင်ဖွယ်အတိပြီးသည်
မဟုတ်ပါလား။

ဂျောင်ကု ဆိုင်ကယ်မောင်းနေရင်း
ခါးပေါ်ကလက်သွယ်သွယ်‌လေးကို
အပေါ်ကထပ်၍ကိုင်လိုက်သည်။

"ရားး ဆိုင်ကယ်သေချာမောင်းလေ
နှစ်ယောက်လုံးမာလကီးယားသွား
ချင်လို့လား!!"

ဆိုင်ကယ်ဦးထုပ်အောက်က
စွာကျယ်ကျယ်အသံလေးကြောင့်
ဂျောင်ကုပြုံးမိသည်။

သူ့ချစ်သူလေးကစွာတေးလန်
ဆိုတာ သူမေ့နေခဲ့တာ..။

အလှလေးပြောသည်ကို
နားမထောင်ဘဲဂျောင်ကုလက်
ကိုညှစ်ကာကိုင်လိုက်တော့အနောက်
ကအလှ‌လေးကဘာမှမပြောတော့ဘဲ
လက်လျှော့လိုက်သည့်ဟန်အသာတ
ကြည်အကိုင်ခံလေတော့သည်။

"နှာဘူးကောင်! အရမ်းအသားယူ
တာဘဲ၊ ဟွန့်!!"

အနောက်က မကျေမနပ်ရွတ်သံလေး
ကြောင့် ဂျောင်ကုနှာခေါင်းရှုံ့ကာရယ်
မိသည်။

သူ့အလှလေးကလေ ခုနှစ်ဆောင်တိုက်ခန်း
မီးမထွန်းဘဲလှတဲ့ပပပဝဒီအလှထက်ကျော်
လွန်ကာလှပြီး အခုလို ပွစိပွစိမ‌ကျေနပ်ရေ
ရွတ်နေတာတောင် မိန်းကလေးတွေထိုင်ငို
ရသည်အထိကိုလှလွန်းသူလေး။

"အခုတောင်အသားယူချင်နေတာ
ခုနကအနမ်းကြောင့်၊ မင်းပြောသလို
နှာဘူးဆိုတော့ လမ်းဘေးမှာရပ်ပြီး
ချစ်ရည်လူးကြမလား??"

ဂျောင်ကု ဆိုင်ကယ်မောင်းနေရင်း
အနောက်လှည့်ကာပြောလိုက်တော့
မကျေမနပ်ရေရွတ်နေသည့်အလှလေး
ကအသံတိတ်သွားကာမျက်လုံးထဲက
လေဆာတွေထွက်နေပြီး နှုတ်ခမ်းပါး
ကတိုးတိုးလေးဆဲရေးပြုနေသည်။

No Position√Where stories live. Discover now