∆9∆(⚠︎)

9.2K 756 293
                                    

တစ်နေကုန်အလုပ်ပုံထဲနစ်နေပြီး
အမှုတွေကြားထဲမှာခေါင်း‌မဖော်
နိုင်အောင်လုပ်နေရသည်မို့လူက
ဇက်ကြောတတ်နေရသည်။

ယူဂျင်းကိုကြည့်တော့လည်းအမှု
ပုံတွေကြားထဲအိပ်ပဲပျော်နေတာ
လား၊အလုပ်ပဲလုပ်နေတာလား
မသဲကွဲ။

"ယူဂျင်း?? မင်ယူဂျင်း??!!"

တစ်ခါခေါ်သော်လည်းဘာဖြေသံ
မှမကြားရသောယူဂျင်းကြောင့်
ခုံကိုထုကာအသံမိုင်ကုန်တင်ခေါ်
မှမျက်လုံးလေးကလယ်ကလယ်
လုပ်ကာနိုးလာလေသည်။

"အော..ထယ်ယောင်း
ဘာဖြစ်တာလဲ??ဘယ်မှာမီး
လောင်တာလဲ??"

နိုးတာနဲ့ပေါက်ကရကစပြောလာ
သောယူဂျင်းကြောင့်ခေါင်းသာခါ
လိုက်သည်။

သူ့ကိုယ်သူမီးသတ်သမားထင်နေ
လားမသိ။

မေးလာတာကိုကဘယ်မှာမီးလောင်
တာလဲတဲ့။

"ဘယ်မှာမှမီးမလောင်ဘူး၊ မင်းအိပ်
နေတာကြည့်မရလို့နှိုးတာ၊ တော်ကြာ
အထဲကဘိုးတော်ထွက်လာရင်ထု
ထောင်းခံနေရမယ်"

"ကျေးဇူး ထယ်ယောင်းရာ
ငါလည်းပင်ပန်းနေတာနဲ့နည်း
နည်းလေးအိပ်ငိုက်သွားတာဟီး"

ထယ်ယောင်းလည်းယူဂျင်းကို
မျက်စောင်းထိုးပြီးနေရာမှာဝင်
ထိုင်လိုက်သည်။

ဒီညညဆိုင်းဆင်းရမှာဆိုတော့
ဟိုနှာဘူးကောင်ရောဘယ်လို
နေမလဲမသိ။

တစ်နေကုန်မတွေ့ရသေးတော့
တစ်ခုခုလိုနေသလိုပင်။

ကြာလေပိုသိလာလေကဂျောင်ကု
ကို‌ထယ်ယောင်းသဘောအရမ်း
ကျသည်။

ထယ်ယောင်းကဂေးတစ်ယောက်
မဟုတ်ပေမယ့်ဂျောင်ကုကိုတော့
သဘောကျမိပါသည်။

အင်း..ယောကျာ်းလေးတစ်ယောက်
လိုပေါ့။

"ထယ်ယောင်း?? မျက်နှာကစပ်ဖြီး
ဖြီးနဲ့ဘာဖြစ်နေတာ??"

စားပွဲပေါ်လက်ထောက်ပြီးမေးတင်
ကာပြုံးနေသည့်ထယ်ယောင်းကို
ကြည့်ပြီးယူဂျင်းမှာကြောင်တောင်
တောင်ဖြစ်သွားရသည်။

"အော..ဒီအတိုင်းပါပဲ"

ထယ်ယောင်း ယူဂျင်းကိုမှင်သေသေ
ပြန်ဖြေပြီးအလုပ်ဆက်လုပ်‌နေစဉ်ဖုန်း
ကစာဝင်လို့လာသည်။

No Position√Donde viven las historias. Descúbrelo ahora