∆8∆

6.6K 699 144
                                    

မီးလုံးတစ်ခုသာထွန်းထားပြီးအမှောင်
ရိပ်ကျနေသည့်နေရာတစ်ခု။

ခြောက်ခြားစရာကောင်းလှပြီးတိတ်ဆိတ်
လွန်းသည်မို့မည်သူမျှသတိမထားမိကြပေ။

လက်ကိုကြိုးဖြင့်တုပ်ခံထားရပြီးပါးစပ်
ကိုလည်းတိပ်ဖြင့်အကပ်ခံထားရသော
ကောင်မလေးတစ်စုမှာ‌လှောင်အိမ်သဖွယ်
သံတိုင်နောက်မှလွတ်မြောက်ရန်ရုန်းကန်
သော်လည်းအချည်းအနှီးမို့အော်ဟစ်ငိုယို
နေရုံကလွဲမတတ်နိုင်ကြပေ။

ထိုစဉ်ခြေသံတစ်ခုနှင့်အတူအသံတစ်
သံကိုကြားလိုက်ရသဖြင့်အော်နေကြ
သည့်ကောင်မလေးများမှာအသံတိတ်
ကာကြောက်ရွံ့နေဟန်။

"မအော်ကြနဲ့လေကွာ ကိုကြီးကမင်း
တို့ကိုမကိုက်စားပါဘူး၊ဒီမှာမင်းတို့
အတွက်သူငယ်ချင်းသစ်ပါတယ်
အာ..ဒါမှမဟုတ်မင်းတို့ညီအမလား"

ပုခုံးပေါ်က‌ထမ်းလာသောကောင်မလေး
ကိုမြေပြင်ထက်ချရင်းသံတိုင်ထဲက
ကြောက်လန့်နေကြသောကောင်မလေး
များကိုကြည့်ကာဆိုလေသောသူ။

ထို့နောက်သံတိုင်နောက်ကကောင်မလေး
များကိုထိုလူသည်စူးစိုက်ကာကြည့်ရင်း..

"နောက်ထပ်တစ်‌ယောက်ထပ်ရရင်ကိုကြီး
တို့လက်ထပ်ကြမယ်နော်၊အသဲလေးတို့
ဟားးဟားး"

ရယ်စရာမပါသည်ကိုရယ်မောကာ
ထွက်သွားသည့်စိတ္တဇလူကိုကြည့်
ရင်းကြိုးတုပ်ခံထားရသောကောင်
မလေးများမှာမျက်ရည်ကျကာငို
နေရုံကလွဲမတတ်နိုင်ကြပေ။

ကံတရားကြီးကထိုကောင်မလေးတစ်
စုကိုကွက်ပြီးယုတ်မာသည့်ပုံပေါ်သည်။

အသက်အားဖြင့်ငယ်ငယ်ရွယ်ရွယ်
လေးတွေကထိုလူမသိ၊သူမသိနေရာ
မှာအဖမ်းခံထားရပြီးသေမယ့်နေ့ကို
သာစောင့်နေရသည်။

လာကယ်မည့်သူဆိုတာလည်းကောက်ရိုး
ပုံထဲအပ်ရှာသလိုခက်ခဲလှသည်မို့မျှော်
လင့်ချက်ရောင်ခြည်‌ကလေထဲတိုက်အိမ်
ဆောက်သလိုပင်။

ထိုကောင်မလေးများမှာအဖြူရောင်
သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားရပြီး
စုစုပေါင်း၆ယောက်အတိရှိနေခဲ့လေပြီ...။

No Position√Where stories live. Discover now