∆12∆(⚠︎)

9.5K 662 348
                                    

တိတ်ဆိတ်နေသောနေရာဟာရုတ်ချည်း
ရဲကားသံများဖြင့်ဆူညံလို့သွားခဲ့သည်။

ရဲတွေဟာဝင်လာပြီးထယ်ယောင်းကို
အလေးပြုကာ‌ကောင်မလေးတွေနှင့်
တရားခံစိတ္တဇကောင်ကိုခေါ်ထုတ်သွား
ခဲ့ကြသည်။

ထယ်ယောင်းလည်းဖြစ်နိုင်ရင်
အိမ်ပြန်ပြီးအကျီလဲချင်ပေမယ့်
သူကဒီဖြစ်မှုရဲ့နစ်နာသူထဲပါဝင်
နေသောကြောင့်အိမ်ပြန်လို့မရပဲ
ယူဂျင်းတို့ကိုစောင့်နေရသည်။

"မင်းပြန်လို့မရသေးဘူးလား"

ထယ်ယောင်းယူဂျင်းကိုစောင့်နေတုန်း
ဘေးကဂျောင်ကုကတစ်နိုင်ငံလုံးသူ
တင်ကျွေးထားရသောရုပ်ဖြင့်ပြော
လေသည်။

"ဘယ်လိုဖြစ်နေတာလဲ?? ရဲကားသံ
ကြားတယ်မှတ်လား?? ခနနေယူဂျင်း
ဝင်လာရင်ငါပြန်လို့ရပြီ၊ မင်းမစောင့်
နိုင်ရင် လစ်!"

ထယ်ယောင်းပြောလိုက်တော့ဂျောင်ကု
ကထယ်ယောင်းဘက်လှည့်လာကာ..

"ငါမင်းကိုစားရအုံးမှာလေ
ပြန်စရာလား"

"ရားး အားနေမင်းငါ့ကိုစားချင်နေတာဘဲ
တစ်ခါတစ်လေလေးမင်းပြန်အစားခံ
ကြည့်ပါလား၊ ငါငြင်သာမှာပါ"

ထယ်ယောင်းပြောလိုက်တော့
နှာခေါင်းပေါ်လက်ညိုးနဲ့ပွတ်ကာ..

"ငါကလုပ်ပဲလုပ်တတ်တာမခံတတ်ဘူး"

"ဒီနှာဘူး!!!"

ထယ်ယောင်းနှာဘူးကောင်ကိုပြန်ပြော
နေစဉ်မှာဝင်လာသောရဲတွေနှင့်ယူဂျင်း
ကြောင့်စကားရပ်တန့်သွားရသည်။

"ထယ်ယောင်းရေ!!!!!ငါ့သူငယ်ချင်းလေး
အဆင်ပြေရဲ့လား၊ ထိခိုက်မိတာတွေ
ရောရှိလား၊ ငါဘယ်လောက်စိတ်ပူခဲ့ရတာလဲ"

အသံပြဲကြီးနှင့်ဝင်လာသောယူဂျင်း
ကြောင့်ထယ်ယောင်းမှာလန့်သွားရသည်။

ဒီကောင်အသံအရမ်းအောင်လွန်းတယ်။

ဂျောင်ကုကတော့ပါးစောင်ကိုလျှာဖြင့်
ထိုးကာယူဂျင်းကိုအကဲခတ်နေသည်။

"ရား ငါဘာမှမဖြစ်ဘူး၊ အလစ်မို့အဲ့တဏှာ
ရူးကောင်ကဖမ်းလို့ရတာ၊ ငါဘယ်သူလဲ
ကင်မ်ထယ်ယောင်းပါ၊ သိတယ်မှတ်လား"

No Position√Donde viven las historias. Descúbrelo ahora