∆1∆

14K 1K 144
                                    

"ကျွတ်ကျွတ်! ခေါင်းကိုက်
လိုက်တာ!"

တစ်ဆစ်ဆစ်ကိုက်နေသော
ခေါင်းကြောင့်မျက်လုံးဖွင့်
မိတော့မြင်လိုက်ရသည့်
မျက်နှာကျက်ဟာစိမ်းသက်
လွန်းစွာ။

ဂုတ်ပေါ်ကိုရိုက်ခက်လာသည့်
အသက်ရူသံကြောင့်ကြက်သီး
ထသွားရသည်။

သူဘယ်ရောက်ပြီးဘယ်သူနဲ့
အတူရှိနေမိတာလဲ။

တစ်စုံတစ်ယောက်ကတင်း
ကျပ်စွာဖက်ထားမှုကြောင့်
လှုပ်မရသည့်ခန္ဓာကိုယ်နှင့်
အတူခါးထက်ကတက်တူး
နှင့်လက်တစ်စုံကြောင့်
ထယ်ယောင်းနှင့်အတူ
ယောင်္ကျားတစ်ယောက်က
အိပ်ယာထက်အတူရှိနေ
သည်ကိုသိလာရသည်။

ထယ်ယောင်းခါးထက်နေရာ
ယူထားသည့်လက်ကအကြော
တွေထင်းနေကာတက်တူးက
လည်းထင်းနေသည်။

ဖက်ထားသည့်လက်ကိုဖြုတ်
ကာကြည့်မိတော့ထယ်ယောင်း
ထိုလူကိုတစ်ခါမှမမြင်ဖူးခဲ့ပါ။

သူနဲ့ထယ်ယောင်းဘာတွေ
ဖြစ်ခဲ့ကြတာလဲ..။

မနေ့ကအကြောင်းတွေပြန်
စဉ်းစားမိတော့ပိုမိုကာကိုက်
လာသည့်ခေါင်းကြောင့်နထင်
ကိုဖိကာထထိုင်မိတော့အောက်
ပိုင်းနေရာကဆစ်ခနဲ။

မဟုတ်မှဒီလူစိမ်းဆီမှာ
ထယ်ယောင်းလူပျိုရည်
ပျက်သွားတာလား။

ခြုံထားသည့်စောင်ကိုဖယ်ကာ
ကြည့်တော့တစ်ကိုယ်လုံးဗလာ
ကျင်းနေကာခရမ်းရောင်အကွက်
တွေကကိုယ်ပေါ်မှာနေရာယူထား
သည်မို့ဒေါသထောင်းခနဲ။

သူ့လိုရဲတစ်ယောက်ကဘယ်သူဘယ်
ဝါမှန်းမသိတဲ့လူဆီမှာလူပျိုရည်
ပျက်သွားသည်တဲ့လား။

ဘယ်လောက်တောင်ရှက်ဖို့
ကောင်းလိုက်သလဲ။

ထိုလူနဲ့မျက်နှာချင်းမဆိုင်ချင်
သည်မို့ထိုလူမနိုးခင်အိပ်ယာ
ဘေးကအဝတ်တွေပြန်ဝတ်ပြီး
အခန်းထဲကတိတ်တဆိတ်ထွက်
လာခဲ့တော့သည်။

လမ်းလျှောက်တိုင်းဆစ်ခနဲနာ
ကျင်နေသည့်အောက်ပိုင်းကို
လျစ်လျူရူကာထိုအခန်းနဲ့ဝေး
ရာကိုသာသွားရန်စိတ်လောနေ
သည်။

သေချာပေါက်ထိုလူ
ထယ်ယောင်းမျက်နှာနှင့်
ထယ်‌‌ယောင်းကိုမသိပါစေနဲ့
လို့ဆုတောင်းမိသည်။

No Position√Onde histórias criam vida. Descubra agora