∆7∆

6.6K 755 118
                                    

ထယ်ယောင်းသန့်စင်ခန်းကပြန်
ထွက်လာပြီးရုံးခန်းရောက်သည်
အထိရုံးခန်းရှေ့မှာငူငူကြီးရပ်နေ
မိသည်။

ဂျောင်ကုရဲ့စကား‌တွေကနူးညံ့ခြင်း
ပုံမဆောင်သော်လည်းရင်ထဲတစ်မျိုး
လေးခံစားရစေသည်။

အမြဲတမ်းတာဝန်တွေကြားထဲပိတ်မိ
နေတဲ့ထယ်ယောင်းအတွက်အချစ်ဆို
တာဖြူသလား၊မဲသလားမသိပါ။

သို့ပေမယ့်သာမာန်မဟုတ်တဲ့ယောကျာ်း
လေးနှစ်ယောက်ဟိုလိုဖြစ်တဲ့ကိတ်စမှာ
ထယ်ယောင်းနေရာတွင်တခြားသူသာဆို
ဂျောင်ကုကိုရန်ရှာပြီးထိုးကြိတ်တာတွေ
လုပ်ကြမှာပင်။

ဒါမယ့်ထယ်ယောင်းသူ့ကိုစတွေ့ကတည်း
ကထိုးဖို့နေနေ‌သာသာဟိုကိတ်စကိုမျက်နှာ
ပူပြီးရှက်တာကလွဲလို့ဘာမှဖြစ်မနေပါ။

သို့ပေမယ့်ခနခနစကားနဲ့အသားယူ
တတ်လွန်းတာကိုတော့အမြင်ကပ်မိ
ပါသည်။

ဂျောင်ကုအပေါ်ဘယ်လိုခံစားချက်တွေ
ရှိနေလဲဆိုတာအဖြေရှာလို့မရ။

ထယ်ယောင်းဟာလိင်တူကြိုက်တဲ့သူ
တော့မဟုတ်ပေမယ့်ဂျောင်ကုနဲ့တွေ့
တိုင်းလှုပ်ရှားသွားသည့်ဝဲဘတ်ကရင်
ခုန်သံကိုလည်းလျစ်လျူရှုလို့မရပြန်။

ဟူး..ရှုပ်ထွေးလွန်းတဲ့ခံစားချက်က
ပင့်ကူအိမ်ထဲပိတ်မိနေသလိုပါဘဲလား..။

"ထယ်ယောင်း!!"

"ဟမ်!"

ယူဂျင်းအော်သံကြားမှလက်ရှိသို့ပြန်
ရောက်ရသည့်ထယ်ယောင်းအဖြစ်ပါလေ။

"ဘာလို့အခန်းဝမှာမတ်တပ်
ရပ်နေတာလဲ??ဒီညအတွက်
ဗျူဟာတွေအဖွဲ့မှူးကပေးမလို့
လို့ပြောတယ်၊မင်းကိုငါလိုက်ရှာ
တော့မလို့ဘာလဲအပြင်မှာဘာ
တွေ့လာလို့လဲ"

"အာ..ဘာမှမဟုတ်ဘူးသွားကြရ
အောင်လေ၊တော်ကြာအဖွဲ့မှူးစိတ်
တိုနေအုံးမယ်"

မယုံသင်္ကာအကြည့်ဖြင့်ကြည့်နေသည့်
ယူဂျင်းကိုမသိချင်ယောင်ဆောင်ရင်း
အခန်းထဲဝင်လာလိုက်သည်။

အော်..အခုမှငါ့အဖြစ်ကအိမ်ကမသိ
အောင်ရည်းစားခိုးထားနေရသလို
ပါပဲလား။

No Position√Donde viven las historias. Descúbrelo ahora