∆10∆

6.2K 674 174
                                    

ဂျောင်ကုအလှလေးကိုပြန်ပို့ပြီး
တာနဲ့လေဆိပ်သို့ထွက်လာခဲ့သည်။

လေဆိပ်ရောက်တော့အလုပ်အပ်
ထားသည့်တစ်ယောက်မှလွှတ်
ထားသည့်သူကစောင့်နေသည်။

ဂျောင်ကုနဲ့အတူတစ်ယောက်ထည့်
ပေးမည်ဟုစာချုပ်ချုပ်ဆိုသည့်နေ့
ကတည်းကပြောခဲ့သည်လေ။

"ဂျေကေ! ကျတော်ကခင်ဗျားနဲ့
အတူသွားရမယ့်သူပါ၊ ကျတော့်
နာမည်ဗန်ပါ"

"အင်း..ဒါဆိုငါတို့ဝင်ကြတော့
မလား??"

လိုရင်းတိုရှင်းသာပြောပြီးဂျောင်ကု
လေဆိပ်ထဲသို့ဝင်သွားလိုက်သည်။

အလှလေးမဟုတ်တဲ့သူနဲ့စကား
အကြာကြီးမပြောချင်သလို၊မျက်လုံး
ချင်လည်းဆုံအောင်မကြည့်ချင်ပေ။

အလက်ဂျစ်လို့ပဲပြောရမလား..။

ဂျောင်ကုအတွက်အလှလေးကလွဲ
ရင်ကျန်တဲ့သူတွေနဲ့အဆင်မပြေဘူး။

လေယာဉ်ပေါ်ရောက်တော့ခုနကတစ်
ယောက်နဲ့ဘေးချင်းကပ်မဟုတ်ဘဲ
ဂျောင်ကုဘေးတွင်အမျိုးသမီးတစ်
ယောက်ကျသည်။

ဂျောင်ကုလည်း‌ဘေးကတစ်ယောက်
ကိုအာရုံမထားဘဲဖုန်းထဲကခိုးရိုက်ထား
သည့်ကင်မ်အလှလေးပုံကိုထုတ်ကြည့်
မိတော့ဂျောင်ကုတည်နေသည့်နှုတ်ခမ်း
ပါးတစ်စုံဟာအပြုံးဖြစ်တည်လာသည်။

ဒီပုံလေးကအသိ‌မပေးဘဲရိုက်ထားလို့
လားမသိဘူး..။

တကယ့်ကိုသဘာဝဆန်ပြီးချစ်စရာ
ကောင်းလွန်းနေသည်။

နောက်ထပ်ပုံကိုကြည့်မိတော့
အလှလေးအရက်မူး‌သည့်နေ့က
ဂျောင်ကုတို့အတူတူနေပြီးကုတင်
ပေါ်မှာအိပ်စက်နေသည့်စောင်
အောက်ကအလှလေးပုံဖြစ်သည်။

ဖြစ်နိုင်ရင်ဘာမှမရှိတဲ့ကိုယ်လုံးတီး
လေးကိုရိုက်ချင်ပေမယ့်အရှက်သည်း
နေမည့်ပုံလေးကိုမြင်ယောင်မိတာ
ကြောင့်စောင်ပါးထားသည့်ပုံလေး
ကိုသာရိုက်ထားမိသည်။

မဟုတ်လည်းဂျောင်ကုအလှလေး
တစ်ကိုယ်လုံးကို‌ဂျောင်ကုအလွတ်
ရပါသည်။

လောလောလတ်လတ်အလွမ်းသယ်
ခဲ့‌တာတောင်ဂျောင်ကုအလှလေးကို
တစ်နေ့တောင်မကူးသေးဘဲလွမ်းလို့
လာပြန်သည်။

No Position√Where stories live. Discover now