∆25∆

4.9K 501 161
                                    

ချူသံတစ်လွင်လွင်လေးသည်
ထွက်သွားသူ၊ ဝင်လာသူများကြောင့်
တစ်ချွင်ချွင်မြည်လျက်ရှိကာ လက်"
ဆက်"ဖျော်ထားသည့် ကော်ဖီနံ့လေး
သည်လည်း ဆိုင်အတွင်းသင်းပျံ့လျက်ရှိသည်။

ကော်ဖီကောင်တာတွင်
အကျီလက်ရှည်ကို တံတောင်ဆစ်အထိ
ခေါက်တင်ကာ ကော်ဖီဖျော်နေသည့်
သူကြောင့် ထိုဆိုင်လေးသည် အသစ်ဖြစ်
ပေမယ့်လာရောက် အားပေးသူများကြသည်။

ဆိုင်ကိုလာသည့်
တစ်ဝက်လောက်သည် ဆိုင်ပိုင်ရှင်ကြောင့်
ဖြစ်သလို တစ်ချို့ကလည်းကော်ဖီလက်ရာကို
သဘောကျသောကြောင့်ဖြစ်ပေသည်။

ကိုယ်ကျပ်အနီရောင်
ဝတ်ထားသည့် မိန်းကလေး
တစ်ယောက်သည် ကော်ဖီခွက်ကို
ကိုင်ကာ ကောင်တာအနားသွားရင်း
ခပ်ညုညုအသံဖြင့်ဆိုသည်။

"အကိုရေ..ညမကော်ဖီကဘာလို
နေလဲမသိဘူး အရသာတစ်ခုခု
လိုနေလို့ ပြင်ပေးပါဦး"

ဂျောင်ကု ‌ကော်ဖီစေ့ထုတ်နေတုန်း
အနောက်က အသံကြောင့်လှည့်ကာ
ခွက်ကိုယူလိုက်တော့ ဂျောင်ကုလက်ကို
မထိတထိလာထိသော ထိုမိန်းကလေး။

ဂျောင်ကုလည်း
ခွက်ကိုယူလိုက်ရင်း အရသာကို
အဆင်ပြေအောင် လုပ်ပေးကာ
ပြန်ပေးလိုက်သည်။

ကော်ဖီခွက် ပြန်ပေးလိုက်သော်လည်း
အခုထိ ရပ်နေဆဲဖြစ်သောထိုမိန်းကလေး
အားမျက်ခုံးပင့်ပြလိုက်တော့..

"ဟို..ညမလေ အကိုနဲ့ရင်းနှီးချင်လို့
အကို့social accလေး ပေးလို့ရမလားဟင်"

ဒါက ဂျောင်ကုဆိုင်စဖွင့်ကတည်းက
ကြုံနေရတဲ့ ပြသနာတစ်ခုပင်။

ဂျောင်ကုနဲ့ ဇာတ်လမ်းစချင်သည့်
သူများက အကောင့်တောင်းသလို
တစ်ချို့ကလည်း ဖုန်းနံပတ်‌တောင်းကြသည်။

ဂျောင်ကုလည်း
လက်ကို ခါးမှာစည်းထားသည့်
အဝတ်နဲ့သုတ်လိုက်ရင်း..

"ဖုန်းပေး"

"ရှင်.."

"မင်းပဲ ငါ့social accလိုချင်တယ်ဆို?"

"အာ..ဟုတ် ခနနော်"

ထိုကောင်မလေးက
ပြေးသွားကာ စားပွဲပေါ်
ကော်ဖီခွက်သွားထားရင်း
ဖုန်းပြန်ယူလာ၍ ဂျောင်ကုကိုပေးသည်။

No Position√Hikayelerin yaşadığı yer. Şimdi keşfedin