ညကအကြာကြီးနေမှဂိမ်းကို
ညလုံးပေါက်ဆော့ခဲ့တာကြောင့်
ထယ်ယောင်းမျက်နှာနေထိုးတော့
မှအိပ်ယာကနိုးတော့သည်။တော်သေးတာကနားရက်တင်ခဲ့လို့
အခုလိုအိပ်လို့ရခြင်းသာ။မဟုတ်ပါကအခုလိုလောကစည်းစိမ်
ခံစားဖို့ဆိုတာကမ်းမမြင်လမ်းမမြင်။သို့သော်လည်းထယ်ယောင်း၏
ဝါသနာအရဒီရဲအလုပ်ကိုသူသဘော
ကျပါသည်။မိသားစု၏မျိုးရိုးစဉ်ဆက်စီးပွားရေး
လုပ်ငန်းထက်သူဆိုတာတရားခံကို
ဖမ်းစီးပြီးအမှုလိုက်ရတာကိုသာနှစ်
ခြိုက်ခဲ့သည့်သူတစ်ယောက်။တားမရသည့်သူ့ကြောင့်မိဘများက
လည်းလိုက်လျောပေးခဲ့ပေမယ့်သ
ဘောကျလွန်းသည်တော့မဟုတ်။သဘောမကျရသည်ကလည်းတရားခံ
လိုက်ဖမ်းရင်းထိခိုက်ဒဏ်ရာတစ်ခါရ
သွားကတည်းကစိတ်ပူနေခဲ့ကြခြင်းသာ။တွေးလက်စတွေအဆုံးသတ်ပြီးအိပ်ယာ
ကထပြီးအိပ်ယာကိုပြန်ပြန့်အောင်လုပ်
လိုက်သည်။ထို့နောက်ရေချိုးခန်းထဲဝင်ရေချိုးသန့်စင်
ခြင်းလုပ်ငန်းကိုစတင်လိုက်သည်။နာရီဝက်အကြာရေချိုးသန့်စင်ပြီးတော့
ဗီရိုရှေ့ဘာဝတ်ရမလဲရွေးရပြန်သည်။အလုပ်သွားရင်တောင်ဝတ်စုံပြည့်
မဝတ်တတ်သည့်သူကပိတ်ရက်ဆို
လည်းဟူဒီတစ်ထည်နဲ့လျှောက်သွား
ရင်သွားဖြစ်တာ။ထို့ကြောင့်ပေါ့ပေါ့ပါးပါးစပို့ရှပ်အဝါ
ကိုဘောင်းဘီအဖြူနဲ့သာတွဲဝတ်လိုက်
တော့သည်။ပြင်တာဆင်တာအကုန်ပြီးလို့နာရီကြည့်
တော့စားပွဲထက်ကနာရီလေးကဆယ်
နာရီခွဲလို့ဆယ်တစ့်ထိုးလုလု။ထို့နောက်ဆံပင်လေးကိုခနသပ်ပြီးမှ
ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူကာအခန်းပြင်
သို့ထွက်လာလိုက်သည်။ထယ်ယောင်းအခန်းပြင်ထွက်လာရင်း
ဧည့်ခန်းထဲအကြည့်ရောက်မိတော့
မနေ့ကနှာဘူးကောင်လက်ရဲဇက်ရဲ
နိုင်ပြီးနမ်းသွားတာကိုပြန်မြင်ယောင်
လာသည်။
KAMU SEDANG MEMBACA
No Position√
Fiksi Penggemarရာထူးတွေအဆင့်အတန်းတွေဆိုတာအချစ်ဆိုတဲ့အရာ လောက်အရေးမကြီးပါဘူး။ မင်းနဲ့ငါ့ကြားမှာအဆင့်အတန်းရာထူးကအဓိကမကျဘူး အဓိကကတစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ပဲ။ Warning ⚠️ Completed//