∆26∆

5.1K 532 64
                                    

ဆောင်းရာသီရဲ့ ချမ်းအေးမှုကြောင့်
ရင်ဘတ်ထဲသို့ ပိုတိုးဝင်လာသည့်
ကိုယ်ငယ်လေး။

အဝတ်မကပ်တဲ့ ဗလာကျင်း
ကိုယ်လေးထက်ဂျောင်ကုရဲ့
ချစ်ခြင်း ကိုယ်စားပြုကိုက်ရာ
များကဟိုတစ်ကွက် ဒီတစ်ကွက်။

အများတကာနဲ့ ပြောဆိုဆက်ဆံရသူမို့
အတူနေချိန်တိုင်း လူမြင်သည့်နေရာများ
ထက် လူမမြင်သည့်နေရာများကိုသာ
ဂျောင်ကု အချစ်အမှတ်အသားများ
ပြုလုပ်လေ့ရှိသည်။

ရင်ဘတ်နားကို
အသက်ရူသံ နွေးနွေးလေး
ရိုက်ခတ်နေတော့ဂျောင်ကုမှာ
ဆောင်းရာသီရဲ့အေးချမ်းမှုတောင်
မမှုနိုင်တော့အောင် အနွေးဓာတ်ရနေပြီဖြစ်တယ်။

"ချစ်လိုက်တာ အလှလေးရယ်"

ရင်ဘတ်ထဲက
ကိုယ်ငယ်လေးကို ဖက်ကာ
ဆိုတော့ မျက်နှာလေးရှုံ့မဲ့၍မျက်လုံး
လေးမပွင့်တပွင့်ကြည့်လေသည်။

"နှာဘူးကောင်ရေ..ငါအိပ်ပါရစေ
ဘာလို့ အတင်းတွေဖက်နေ!"

အိပ်ယာထကာစမို့
အသံအက်ရှရှလေးနဲ့ဆိုရင်း
ဂျောင်ကုရင်ခွင်ထဲ အတင်းတိုး
လို့နေပြန်တယ်။

"အင်း.. အိပ်လေ
မင်းကအိပ် ငါက မင်းကို
ဖက်မယ် မကောင်းဘူးလား"

ပြန်ဖြေသံ မကြားတော့။
အိပ်မက်ကမ္ဘာကို သူလေး
အလည်ပြန်ရောက်သွားပြီထင်၏။

ဒီနေ့ အလှလေးရဲ့
ပိတ်ရက်မို့ မနေ့ညက
အချစ်စမ်းတာ မိုးလင်းပေါက်
ဖြစ်ခဲ့လေတော့ သူလေးပင်ပန်း
နေရှာတာဖြစ်သင့်ပါသည်လေ။

လုံးကစ်နေသည့် တင်လုံးလုံးကို
လက်လေးနဲ့ဖွဖွလေးပုတ်ပေးရင်း
ချော့သိပ်မိတော့ အသက်ရူနှုန်းထား
မှန်မှန်ဖြင့် အိပ်စက်နေသည့်အလှလေး။

အခုတစ်လော
နှစ်ယောက်သား တွေ့ဆုံချိန်က
အရမ်းရှားလွန်း‌နေသည်။

အလှလေးကလည်း
သူအသစ်လိုက်ရမယ့်အမှုကိစ္စနဲ့
တိုင်ပတ်နေသလို ဂျောင်ကုသည်လည်း
တာဝန်ယူထားသည့် ကိစ္စနှင့်ပက်သတ်၍
မအားလပ်သည်မို့ တွေ့ဆုံချိန်ကအိပ်ချိန်
လေးသာရှိသည်။

မျက်နှာချောချောလေးကို
ငုံ့ကြည့်ရင်း စိတ်ထဲကထပ်တလှဲလှဲ
တောင်းပန်စကားဆိုနေမိသည်။

No Position√Hikayelerin yaşadığı yer. Şimdi keşfedin