∆19∆

4.9K 533 425
                                    

တောင့်တင်းပြီး ကျစ်လစ်လှတဲ့
ခန္ဓာကိုယ်မှာအေပရွန်လေးတစ်
ထည်ကနေရာယူထားပြီးဟင်း
ချက်နေတဲ့ပုံရိပ်ဟာအလွန်ကို
ကြည့်ကောင်းလွန်းသည်။

မြင်နေရတဲ့ ကျောပြင်ကျယ်
ကျယ်ဟာတစ်ဘဝစာအနား
ယူရန်လုံ‌လောက်သည့်အေး
ချမ်းရာအသိုက်အမြုံတစ်ခု။

အချစ်ကိုမသိခင်တုန်းက
အချစ်ဟာဒီလိုချိုမြိန်တာ
ပါလားဆိုပြီးလက်မခံခဲ့
ပေမယ့်ကိုယ်တိုင်ကြုံတွေ့
လာရမှအချစ်ကပျားသကာ
လိုချိုပြီးmashmellowလိုနူး
ညံ့တယ်ဆိုတာသိလာရသည်။

ထိုင်ခုံမှာထိုင်ပြီး
ဟင်းချက်နေတဲ့ကျောပြင်ကျယ်
ကြီးကကိုယ့်အပိုင်ဆိုအုံးပယ်ပယ်
နယ်နယ်ကိုငမ်းနေမိတော့တာ။

"အဲ့လောက်ကြီးကြည့်တော့
ငါရှက်တယ်လေ"

စားပွဲပေါ်ကို အငွေ့တထောင်း
ထောင်းထနေတဲ့ဟင်းပန်ကန်
ကိုနေရာချပေးရင်းရယ်ကျဲကျဲ
ဆိုလာသည့်နှာဘူးကောင်။

ဒါမယ့် ဒီနေ့မှနှာဘူးကောင်က
အရမ်းကြည့်ကောင်းလွန်းနေတယ်။

"ငါ့အပိုင်မို့ငါကြည့်တာလေ
ဘာဖြစ်တာလဲမင်းက"

ထယ်ယောင်း
ဘုထောထော‌ပြန်ပြောတော့
ဘေးနားရောက်လာပြီးပါးပြင်
ကိုရွှတ်ခနဲလာနမ်းသည်။

မကျေနပ်ဘူးလားမေး
အရမ်းရမ်းကိုကျေနပ်သည်။

သို့ပေမယ့်
ထယ်ယောင်းရဲ့ပုံစံအတိုင်း
နှာဘူးကောင်ရဲ့လက်ကိုဘတ်
ခနဲရိုက်လိုက်သည်။

"ချွေးတွေနဲ့ကို ဘာလို့လာနမ်း
တာလဲ နှာဘူးကောင်!"

"မင်းလည်းကြိုက်ရဲ့သားနဲ့ကို"

ပြန်ချေပလာသောနှာဘူး‌ကောင်
ကြောင့်ထယ်ယောင်းပဲအလျှော့
ပေးလိုက်ရင်းစားပွဲပေါ်ကဟင်းပွဲ
ကိုပဲအကြည့်ပို့လိုက်သည်။

"ဘာဟင်းလဲ"

"ဟိုတစ်ခါမင်းစားချင်တဲ့
အပ်မှိုကိုအရမ်းမစပ်အောင်
ချက်ထားတာ စားလို့တော့
အဆင်ပြေမယ်ထင်တာပဲ"

ထယ်ယောင်းလည်း
ဇွန်းနဲ့ခပ်ရင်းတစ်လုပ်
မြည်းကြည့်လိုက်သည်။

No Position√Onde histórias criam vida. Descubra agora