∆23∆

4.9K 502 304
                                    

အရင်ကလို အကြည့်
တွေကနူးညံ့မနေဘဲစိမ်း
သက်နေတဲ့မျက်ဝန်းတွေ။

မယုံနိုင်စွာထွက်ကျ
လာတဲ့"မင်းကိုမသိဘူး"
ဆိုတဲ့စကား။

"နောက်တစ်ခေါက်
ထပ်မေးမယ်၊ မင်း
ငါ့ကိုတကယ်မသိ
တာလား!"

မေးလိုက်တော့
ကုတင်ပေါ်မှာထိုင်
နေသည့်သူကကြောင်
စီစီလေးပြန်ဖြေသည်။

"အင်း..အားနာပေမယ့်
ငါတကယ်မင်းကိုမသိဘူး"

ထပ်မံထွက်ကျလာသော
စကားနဲ့အတူမျက်ရည်သည်
လည်းမျက်ဝန်းကနေတာကျိုး
သလိုစီးဆင်းလာတယ်။

သို့ပေမယ့်
ဝမ်းလည်းနည်းသလို
တစ်ချိန်တည်းမှာလည်း
ဒေါသထွက်ပြီးစိတ်တိုမိတယ်။

ပြောတော့ အရမ်းချစ်တယ်။
ဘယ်တော့မှမမေ့ဘူးဆိုပြီး
ဒင်းကအခုကျဘယ်တုန်းကမှ
မတွေ့ဖူးတဲ့လူတွေလိုမျက်နှာ
ထားကတင်းမာနေတာများ။

မသိရင်
ကိုယ်ကပဲသူ့ကို
အတင်းအနိုင်ကျင့်
ထားသလိုအချိုးနဲ့။

စိတ်ကြီးသူပီပီလူနာ
တွေဘာတွေစိတ်မဝင်
စားတော့ထိုင်နေသည့်
နှာဘူးကောင်အနားသွား
လိုက်ပြီးလက်မောင်းကို
ခပ်ဆဆလေးရိုက်လိုက်
ကာ...

"ဘာပြောတယ်!!
မသိဘူး!! မင်းကငါ့ကို
မသိဘူးပေါ့လေဟမ်!!
နှာဘူးကောင် အင့်ဟယ်
မကောင်းတဲ့ကောင်
အင့်ဟယ် လူဆိုးကောင်
အင့်ဟယ် ယုန်နှာဘူး!!
စားပြီးနားမလည်လုပ်တဲ့
ကောင်ကြီး!! အင့်ဟယ်
မင်းမကောင်းဘူး!!"

"အာ့ နာတယ်လေ
အလှလေးရယ်"

ထပ်ရိုက်ရန်ရွယ်ထားသော
လက်ကထိုစကားကြောင့်
တန့်သွားကာနှာဘူးကောင်
အားကြည့်လိုက်သည်။

"မင်းခုနကဘယ်လိုခေါ်
လိုက်တယ်?? ပြန်ခေါ်စမ်းပါ"

"အလှလေးကင်မ်လေ..
ငါမမေ့ပါဘူးကွာ..ဒရမ်မာ
ကားတွေထဲကလိုဒရမ်မာ
ဆန်ကြည့်တာပါ၊ မင်းရော
ငါမေ့သွားခဲ့ရင်ဘယ်လိုနေ
မလဲသိချင်မိတော့..ဟီး
ငါသရုပ်ဆောင်ကျွမ်းတယ်
မဟုတ်လား??"

စပ်ဖြဲဖြဲမျက်နှာပေးနဲ့ပြော
လာသည့်နှာဘူးကောင်ကို
အော်စကာဆုတွေ၅ဆုဆက်
တိုက်ချီးမြင့်ချင်သွားတယ်။

No Position√Donde viven las historias. Descúbrelo ahora