မီးဖိုချောင်ထဲ
တကုပ်ကုပ်နဲ့ အလုပ်ရှုပ်
နေသည့်ပုံရိပ်လေးတစ်ခု။အေပရွန်ခရမ်းရောင်လေးက
ခါးသွယ်သွယ်လေးထက် တည်ရှိလို့နေသည်။မကြာခင်
ထိုခါးသွယ်သွယ်လေးထက်
ရောက်ရှိလာသည့်လက်တစ်စုံ
နှင့်အတူ ခပ်ရှရှအသံတစ်ခု.. ။"အိပ်ယာစမ်းကြည့်တာမင်းမရှိ
တော့လို့နိုးလာတာ ဘာလို့အစောကြီး
ထသွားတာလဲအလှလေး ငါကမင်းမရှိဘဲ
မအိပ်တတ်ပါဘူးဆို"ထယ်ယောင်း ပုခုံးပေါ်က
ဂျွန့်ကို စောင်းငဲ့ကြည့်လိုက်ရင်း
ပြုံးလိုက်ကာ မြင်ရသည့်ပါးလေးကို
အနမ်းခြွေလိုက်သည်။ထိုအခါ ပေါ်လာသည့်
ဂျောင်ကုအပြုံးသည်အနှိုင်းမဲ့စွာ။"မင်းပဲ ငါ့ကိုချက်ကျွေးနေတော့
တစ်ရက်လောက်ငါ့လက်ရာကို
မင်းကိုချက်ကျွေးချင်လို့လေ""ငါကမှမင်းကို အပင်ပန်းမခံရက်
တာပြပါဦး.. လက်တွေဘာတွေ
အပူလောင်ထားသေးလား?"ထယ်ယောင်းကို သူ့ဘက်
ဆွဲလှည့်ကာ ထယ်ယောင်းလက်ကို
စစ်ဆေးနေသည့်သူဟာ ထယ်ယောင်းရဲ့
အချစ်တွေသိမ်းကျူံး ယူထားသည့်
ထယ်ယောင်း၏ချစ်သူ၊သူနဲ့သာဆိုလျှင်
သူ့အတွက်သာဆိုလျှင် ထယ်ယောင်း
အကြိုက်တွေစွန့်လွှတ်ရလည်းဖြစ်တယ်။"တော်ပါသေးရဲ့ အပူလောင်တာ
မရှိလို့ ကင်မ်ရယ် ငါဘယ်လောက်
စိတ်ပူသွားတယ်မှတ်လဲ?!""ပိုလိုက်တာ မင်းနဲ့မတွဲခင်
ကတည်းက ငါ့ဘာသာငါ
ချက်စားနေကြပါနော်!""အဲ့တာက ငါနဲ့မတွေ့ခင်လေ
အခုက မင်းကိုကာကွယ်ဖို့မင်းကို
ဂရုစိုက်ဖို့ မင်းအနားမှာရှိနေတဲ့ငါ
တစ်ယောက်လုံးရှိနေတာ ဖြစ်နိုင်ရင်
မင်းကို လက်တစ်ချောင်းတောင်လှုပ်
စေချင်တာမဟုတ်ဘူး!""ဂျွန်ရယ်"
"ငါ့အောက်မှာပဲ
ငြိမ်ငြိမ်လေးနေစေ-အ့"အစကတော့
သူထယ်ယောင်းကို အရမ်းချစ်တာပဲဟု
ကြည်နူးမိသွားသော်လည်း နောက်ဆက်တွဲ
နှာစကားကြောင့်ဗိုက်က eight packကို
လက်သီးဆုပ်နဲ့ထိုးတော့အ့ခနဲအော်သည်။
CZYTASZ
No Position√
Fanfictionရာထူးတွေအဆင့်အတန်းတွေဆိုတာအချစ်ဆိုတဲ့အရာ လောက်အရေးမကြီးပါဘူး။ မင်းနဲ့ငါ့ကြားမှာအဆင့်အတန်းရာထူးကအဓိကမကျဘူး အဓိကကတစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ပဲ။ Warning ⚠️ Completed//