Part 2

6.6K 282 11
                                    


ရင်ထဲကပန်း

အပိုင်း(၂)

#ရင်ထဲကပန်း

01220644

"လပြည့်....သွက်သွက် လျှောက်လေ....နေကပူတယ်...လျှောက်ရမှာလည်း ဝေးတယ်.."

"ဟုတ်..."

လပြည့် ကျောပေါ်က လွယ်အိတ်က လေးသလို နေက ပူသည်။

အကျီ ၤအသစ်မို့ ရှပ်အကျီ ၤ လက်ရှည်ကြီးကလည်း ပူသေးသည်။

ဦးထုပ် ဆောင်းထားပေမဲ့  နေက မျက်နှာကို ထိုးပြီး မျက်လုံးလည်း ကျိန်းသည်။

ကားသံတွေ ဆူညံနေပြီး လူတွေ အများကြီး တွေ့နေရတာလည်း ခေါင်းမူးသည်။

"ဝေးသေးလားဟင်.."

"ဝေးတယ်...ဒီမှာ အလုပ်လုပ်ရင် သွက်သွက်လက်လက်မှ ဖြစ်မယ် လပြည့်ရေ...နင် ဒီလို ဆိုရင် အလုပ်တောင် ရပါ့မလား မသေချာဘူး...တွေ့လား...နင့်ထက် ငယ်တဲ့ကလေးတွေ ပြေးလွှား လုပ်ကိုင်နေတာ ကြည့်စမ်း.."

ဒေါ်ကြီးက လက်ညိုးထိုးပြတော့ လပြည့် မျက်လုံးကြုံ့၍ လိုက်ကြည့်မိသည်။

ကားတွေ သွားလာနေတဲ့ကြားထဲမှာ အိတ်တွေ ပန်းကန်တွေ ကိုင်ပြီး လမ်းဖြတ်ကူးနေကြသည်။

လပြည့်ကတော့ ကားတိုးမှာ ကြောက်လို့ ဒေါ်ကြီးရဲ့ ဘေးကိုသာ ကပ်နေမိသည်။

ကားတွေက သွားနေတာ သူတို့က ဖြတ်ပြေးနေတာ မကြောက်ဘူးလား မသိပါဘူး..။

လပြည့် ထက် ငယ်တဲ့ကောင်လေး နှစ်ယောက်ဆိုရင် တွန်းလှည်းပေါ် ရေဘုံးတွေတင်ပြီး တွန်းနေတာလည်း တွေ့ရသည်။

ဒီလို အလုပ်တွေ လပြည့် လုပ်နိုင်ပါ့မလား..။

"ဒေါ်ကြီး...သား...ဒါမျိုးတွေ လုပ်ရမှာလားဟင်.."

"အဲလိုတော့ မဟုတ်ပါဘူး..ဒါပေမဲ့ နင် က အလုပ်မခိုရဘူးနော်......ကြားလား...မဟုတ်ရင် လခ ရမှာ မဟုတ်ဘူး....အလုပ်က အစမ်းခန့်ဆိုတာ ရှိတယ်...နင် ကြိုးစားပြမှ လခရလိမ့်မယ်...မဟုတ်ရင် နင့်ကို ရွာပြန်ခိုင်းလိမ့်မယ်...ဘာခိုင်းခိုင်း လုပ်တက်ပါတယ်..လုပ်နိုင်ပါတယ်...ပြောရမယ်...ကြားလား.."

ရင်ထဲကပန်းWhere stories live. Discover now