ရင်ထဲကပန်း
အပိုင်း (၁၀)
#ရင်ထဲကပန်း
09300424
"ပိုးပိုး."
"ဟင်..."
"ဟိုလူ့ကို ကြည့်စမ်း...စီးလာတဲ့ကားတောင် နောက်ဆုံး ထွက်ဟ.."
ပိုး စိတ်မဝင်စားသလို တစ်ချက် လှည့်ကြည့်ပြီး ခေါင်းညိတ်ကာ စားလက်စ မုန့်ကို ပြန်စားနေလိုက်သည်။
ပိုး ကတော့ မုန့်ဆိုင်မှာ မုန့်စားဖို့ပဲ စိတ်ဝင်စားသည်။
ပုလဲ တို့ကတော့ ဘယ်ကားက ကောင်းတာ ဘယ်သူက ချမ်းသာတာ လာကြည့်တာပဲနေမယ်..။
"နင် ဆံပင်ညှပ်ပစ်မယ် ဆိုတုန်းက ငါ နမျောသေးတယ်..ခုလို ကျတော့ လိုက်သားပဲ...နင်နဲ့လိုက်တဲ့ ဆံပင်ကို နင် ဘယ်လို ရွေးတာလဲဟင်.."
ပိုး မုန့်စားနေရင်း ပခုံးတွန့်ပြလိုက်တာ အဖျားကောက်ထားတဲ့ ဆံပင်လှိုင်းလေးတွေကို လက်နဲ့ တစ်ချက် ကိုင်မိသည်။
ဘယ်သွားသွား မအားဘူးလို့ ငြင်းတက်တဲ့ ပုလဲကလည်း ပိုးနဲ့အဖော်လိုက်ချင်လို့ လိုက်လာတာ မဟုတ်ပါဘူး..။
ပိုး ဆံပင်ညှပ်တဲ့ ဆိုင်ကို သိချင်လို့ တမင် အတင်းလိုက်လာတာ သိသားပဲ..။
"အရောင်ကလည်း မရိုင်းပဲ ပေါ်တယ်...အစိမ်းနဲ့ အပြာ ရောလိုက်တာဆိုပေမဲ့...နင့်မျက်နှာနဲ့ လိုက်တယ်.."
"ခုမှပါ...စောနက့...အစိမ်းကြီးဆိုးနေတာဆိုပြီး ဟိုဟာမတွေကို သတင်းပေးလိုက် ဓာတ်ပုံတွေ ခိုးရိုက်ပို့လိုက်နဲ့ ဟားနေကြတာ ဘယ်သူလဲ...."
ပိုး ဆံပင်ဆိုးနေတုန်းက ဓာတ်ပုံရိုက်ပြီး သူတို့အချင်းချင်း ဟားနေတာ ပိုး တွေ့လိုက်လို့ အသိပေးရင်း ပြောလိုက်သည်။
ပိုး ဘာမှ မဖြစ်သလိုပြောလိုက်တော့ ပုလဲက မလုံမလဲ ရယ်ပြီး ပိုး ရဲ့ ဆံပင် အလိတ်တွေကို သေချာ ကိုင်ကြည့်ပြီး အလုပ်များပြနေသည်။
ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မယုံတော့တဲ့ အကျင့်ကြောင့် သူတို့ ဘယ်လိုပဲ မူပျက်ပျက် ပိုးအတွက်တော့ အေးဆေးပါပဲ..။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...