Part 8

3.4K 183 22
                                    


ရင်ထဲကပန်း

အပိုင်း (၈)

#ရင်ထဲကပန်း

09290443

"အမလေး...လပြည့်...နင့်လောက် လခ ကြိုထုတ်ကာလည်း နင်ပဲ...ကြက်သွန်တစ်အိတ်တောင် မ နိုင်ဘူးဆိုတော့ ဘာသွားသုံးစားမလဲ...ဟိုမှာကြည့်စမ်း..ဒိုးလေးကိုကြည့် နင့်ထက် သေးတယ်..ထမ်းသွားတာ မြင်လား.."

ပစ္စည်းချတဲ့ကားမှာ ပါလာတဲ့ ဒိုးလေးကို လက်ညိုးထိုးပြပြီး ပြောတော့ လပြည့် စိတ်ညစ်ပါသည်။

မေကြီး ယူခိုင်းလို့ဆိုပြီး ဒေါ်စံပယ်က လခ ထပ်ယူသွားတော့ အန်တီက အမြဲတမ်း လပြည့်ကို အပြစ်ရှာ ဆူဆဲနေသည်။

အမြဲတမ်း ကြက်သွန်အိတ်တွေကို ဆွဲယူနေရပေမဲ့ ခုဆို တရွတ်ဆွဲရင် ကြက်သွန်နာတယ်ဆိုပြီး နိုင်အောင် မ သယ် ခိုင်းသည်။

အာလူးအိတ်တွေကိုလည်း မ မ နိုင်ရင် ထမ်းတက်အောင် လုပ်ဆိုလို့ ထမ်းရသည်။

လပြည့် ခါးနာပြီး ကျောတွေ အောင့်နေပေမဲ့ အဆူခံရမှာ စိုးလို့ လုပ်ရပါသည်။

"ဒိုးလေး..ဒီကောင်ကို ထမ်းနည်းသင်ပေးလိုက်စမ်းပါဟယ်...အဖြစ်ကို မရှိဘူး.."

"ဟီး..ဒီလိုလေ..အိတ်ကို ဆွဲလိုက် ပခုံးနဲ့ ခံလိုက်ပြီးပြီ.."

လပြည့်ထက် အရပ်ပု လူကောင်သေးတဲ့ ဒိုးလေး က လုပ်ပြတော့ လပြည့် တစ်အိတ်ကို ထမ်းပြီး ပို့ပေးရသည်။

ဆိုင်က ကြီးလာပေမဲ့ နေ့စား သုံးယောက်နဲ့ လပြည့် တစ်ယောက်တည်း အမြဲတမ်း အလုပ်ရှုပ်နေရသည်။

နေ့စားခေါ်ထားတဲ့ လူတွေက လူကြီးတွေဆိုတော့ ပစ္စည်းသယ် ပစ္စည်းပို့နေရပြီး လပြည့်က ဆိုင်မှာ လိုတာ အကုန်လုပ်နေရတာ ပင်ပန်းသည်။

တစ်ခါတလေ ဗိုက်ဆာလည်း အော်ဒါ မပြီးရင် ထမင်းမစားရတော့ ခေါင်းမူးသည်။

ညဆိုလည်း ပြာလဲ့နဲ့ လပြည့်က နေ့စားမဟုတ်တော့ ဆိုင်ထဲမှာ ည တစ်နာရီလောက် အထိ ကြက်သွန် အာလူး အပုတ်တွေ ရွေးထုတ်ရသည်။

အိပ်ချင်လို့ ဝင်အိပ်လိုက်ရင်လည်း မနက်ဆို ကြက်သွန် သုံးအိတ် လေးအိတ် မပြီးရင် အန်တီက ဆူတော့သည်။

ရင်ထဲကပန်းWhere stories live. Discover now