Part 15

3.7K 154 4
                                    


ရင်ထဲကပန်း

အပိုင်း(၁၅)

#ရင်ထဲကပန်း

10070126

"မင်္ဂလာပါ.."

"ဟုတ်...ဟိုမမချောချောလေး က ဘယ်ကောင်တာမှာလဲဟင်.."

"ရှင်..."

"ပိုး ပါတယ်လေ.."

"သြော်...ဟို...သူက..."

ဆယ်ကျော်သက် ကောင်မလေး နှစ်ယောက်က ပိုး ထိုင်နေတဲ့ ကောင်တာကို တန်းပြီး လာတော့ ပြုံးပြလိုက်ရသည်။

"မင်္ဂလာပါ ညီမလေးတို့.."

'ဟီး..ဟုတ်...ဟိုတစ်ခါ မမ ပေးလိုက်တာလေ..အဆင်ပြေတယ်..ခုက သူငယ်ချင်းက ရေမွှေးလိုချင်တယ်ဆိုလို့..ခေါ်လာလိုက်တာ.."

"ရေမွှေး အပြင်းတွေကျတော့ မကောင်းဘူး..ကျောင်းသူတွေဆိုတော့....အင်း..ဒါလေး မဆိုးဘူး..ညီမလေး.."

"ဟုတ်လား..."

ရေမွှေးကို တစ်ချက်ဖြန်းပြီး တက်စ်ကို သုံးလေးချက် ခါရမ်းရင်း ပြောလိုက်တော့ ကောင်မလေးနှစ်ယောက်က ပြုံးရင်း ကြည့်နေသည်။

"ရေမွှေးက ကြာလေ အနံ့အစစ်ရလေပဲ..တွေ့လား အနံလေးက မစူးဘူး...ငြိမ်တယ်..."

"ဟုတ်...ကြိုက်တယ်..ကြိုက်တယ်..ဘယ်လောက်လဲ..မမ.."

"သူက EDP ဆိုတော့ ဈေးနည်းနည်းပိုမြင့်မယ်..ကြာရှည်ခံတယ်လေ...ဒေါ်လာ တစ်ရာလေးဆယ်..မန်ဘာကဒ်နဲ့ဆိုရင်တော့ တစ်ရာ့သုံးဆယ်ပဲကျမယ်...ညီမလေး...."

"သြော်...မီးတို့က မမ အနံ့လေးကို ပိုကြိုက်တာ.."

"မမ သုံးတာ ကျတော့ မီးတို့နဲ့ဆို မလိုက်ဘူးလေ....သူက အစပိုင်း ပြင်းတယ်...မီးတို့နဲ့ ဆို Cute ဘက်ကို သွားတာလေး ရွေးပေးထားတာ.."

"အဲလိုလား.."

"နင်က မယူဘူးလား...မမ ကို အားနာစရာကြီး သေချာ ရွေးပေးထားတာ.."

"ရပါတယ်..မီးရဲ့.."

"ယူမယ်...မမ...ကြိုက်တယ်..မမကိုချစ်လို့ ယူမယ်နော်.."

'အို..ချစ်ဖို့ကောင်းလိုက်တာ..ကျေးဇူးပါနော်.."

ချာတိတ်မလေး နှစ်ယောက် ပြန်ထွက်သွားတော့ ဝန်ထမ်း ကောင်မလေး က ပိုး ကို အကဲခတ်နေသည်။

ရင်ထဲကပန်းWhere stories live. Discover now