ရင်ထဲကပန်း
အပိုင်း(၄၂)
#ရင်ထဲကပန်း
11161259
"ပိုး.....ထတော့လေ....မောင် နှိုးတာ ခြောက်ခါရှိပြီနော်..."
"သွပ်...ခေါင်းကိုက်ရတဲ့ကြားထဲ..."
"အမ်းပါ...ထပြီး ဆေးသောက်လိုက်...ဆယ်နာရီထိုးတော့မယ်.."
"........."
သမီး အော်သံနဲ့ လပြည့် နှိုးတဲ့စကားသံတွေကြောင့် ပိုး မျက်လုံး မဖွင့်ချင် ပဲ ဖွင့်ကာ ရေချိုးခန်းထဲ ရောက်မှ ဆက် ငိုက်နေရသည်။
"ပိုး...ငိုက်မနေနဲ့နော်..."
"အမ်းပါ.."
ရေချိုးခန်း တံခါး ကို ခေါက်ပြီး ပြောတော့ ပိုး မျက်လုံးကို ပြူးကာ မျက်နှာသစ်ပစ်လိုက်ရသည်။
မျက်လုံးကျယ်သွားတော့မှ သွားတိုက်ရင်း မှန်ကို ကြည့်မိချိန် မျက်လုံးက ပိုကျယ်သွားသည်။
ညအိပ်ဝတ်စုံ အတွင်းဝတ်ပဲမို့ ရင်ဘတ်ပေါ်က အနီကွက်တွေကို အထင်းသား မြင်နေရသည်။
အိုး...ဒီနေ့တော့ အဝတ်အစား ရွေးရတော့မယ်..။
တော်တော် မွှေတဲ့ ကောင်စုတ်..။
ပိုး ညတုန်းက အဖြစ်တွေကို သတိရတစ်ချက် မရ တစ်ချက်ဖြင့် တက်တူးအနားတစ်ဝိုက်က အနီကွက်လေးတွေကို လက်နဲ့ တို့ကြည့်မိသည်။
လပြည့်တို့များ မထင်ရဘူး.။
အေးစက်စက်နဲ့ တော်တော်ကဲ..။
တည်တည်ငြိမ်ငြိမ်နဲ့ နှာဘူးကောင်.။
ပိုး ပလုတ်ကျင်းရင်း ပြုံးမိတော့ ရေတွေကို မြိုချမိမလို ဖြစ်ပြီး ကပျာကယာ ထွေးပစ်ရသည်။
အခန်းထဲ ပြန်ရောက်လာတော့ သားအဖ နှစ်ယောက်က အပြင်ခန်း ရောက်သွားကြပြီ..။
ခေါင်းက မကြည်တော့ ရေချိုးမှ အဆင်ပြေတော့မည်။
"လပြည့်...သမီး ခေါ်လာ...ရေချိုးမို့.."
"........."
သမီးက ရေချိုးမယ်ဆိုတဲ့ အသံကြားတာနဲ့ ပြေးလာတဲ့ ခြေသံကို အတိုင်းသား ကြားနေရသည်။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...