Part 5

4.1K 208 24
                                    


ရင်ထဲကပန်း

အပိုင်း(၅)

#ရင်ထဲကပန်း

09260527

"အပြာမ.."

"ရှင်.."

"လာစမ်း.."

ပြာလဲ့ က ငရုတ်သီးထောင်းနေရင်း ထလာတော့ လပြည့် လက်ထဲက ဆပ်ပြာဘူးတွေကို ကပျာကယာ စီလိုက်ပြီး မီးဖိုခန်းကို ဝင်သွားလိုက်သည်။

ငရုတ်သီး ကူထောင်းပြီး ပန်းကန်ထဲ အဆင်သင့်ထည့်လိုက်ကာ ဆေးစရာ ပန်းကန် အားလုံး ဆေးထားလိုက်သည်။

"ဘာတဲ့လဲ..ပြာလဲ့.."

 မီးဖိုခန်းမှာ လပြည့်ကိုတွေ့တော့ ပြာလဲ့ က ပြုံးပြကာ လက်ထဲက အဝတ်အထပ်ကို မြှောက်ပြသည်။

"နင် ငရုတ်သီး ထောင်းလိုက်တာလား..ကျေးဇူးနော်..လပြည့်.."

"ရပါတယ်..အန်တီ ဟင်းချက်ခါနီး နေပြီလေ.."

"အေး...ငါ အဝတ်လျှော်လိုက်ဦးမယ်.."

'ဟင်...အဲဒါ နင် မနေ့က မီးပူထိုးပြီးသားတွေမလား.."

"ဟုတ်တယ်..မမပိုးပိုးက ဂျေးမစင်ဘူး ဆိုလို့လေ..."

ပြာလဲ့ က အပေါ်ကို မျက်စောင်းတစ်ချက်ထိုးပြီး အဝတ်တွေ ပိုက်ကာ ဆောင့်အောင်၍ ရေချိုးခန်းထဲကို ဝင်သွားသည်။

အန်တီ ဟင်းချက်ဖို့ အတွက် အိုးအဆင့်သင့်ဖြစ်အောင် ဆေးထားရင်း ပြာလဲ့ကို သနားမိသည်။

သူ ဘာလုပ်လုပ် အဲ့ပိုးပိုးဆိုတဲ့ ဟာမ က  အမြဲ အပြစ်ရှာနေတာပဲ..။

လပြည့်တို့ သုံးယောက်စလုံး သူ့ကို လုံး၀ ကြည့်မရပါဘူး.။

ပုပုကို ပြဿနာမရှာပေမဲ့ ပြာလဲ့ ကို တော့ ဒုက္ခအပေးဆုံး..။

တစ်ခါတလေ လပြည့်တောင် အစစ်ပါလိုက်သေးသည်။

ပြာလဲ့ကို အနိုင်ကျင့်တာများတော့ လပြည့် ကြောက်တော့ ကြောက်ပေမဲ့ အမြင်ကတ်ပြိး မုန်းမိသည်။

"လပြည့်.."

"ဗျ.."

"ပစ္စည်းမပို့ခင် ဝိုင်းချစ်နဲ့ ဆော့နေ.."

ရင်ထဲကပန်းWhere stories live. Discover now