ရင်ထဲကပန်း
အပိုင်း(၁၄)
#ရင်ထဲကပန်း
10070915
"မင်းက အခန်းတောင် မငှားနေနိုင်ပဲ...ဘာကိစ္စ ဘီဒိုတွေ ဘာတွေ စုနေတာတုန်း...လပြည့်ရ..."
လပြည့် ထက် အသက်ပိုကြီးသူ ကိုမင်းသူက ဝေဖန်ပြီး ဆေးလိပ်ဖွာရင်း မေးတော့ လပြည့် ပြုံးမိသည်။
"အဟွင်း..ကျွန်တော် မိန်းမ ယူမလို့ဗျ.."
"ဘာ...မင်းက မိန်းမယူမလို့..ဟုတ်လား..မင်းမှာ ရည်းစားရှိတယ်လည်း မကြားမိပါဘူး.."
"အင်း..ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းပါ...တွဲတာတော့ သိပ်မကြာသေးပါဘူး...နောင်နှစ်လောက် လက်ထပ်လို့ရအောင် ကျွန်တော် ခုကတည်းက ကြိုးစားနေရတယ်ဗျ..."
"မင်းဟာက မဟုတ်သေးပါဘူး...တွဲတာတေင် မကြာသေးတဲ့သူကို လက်ထပ်ဖို့ စီစဉ်နေလိုက်တာ..အခန်းပိုင် အရင်ရှိအောင် လုပ်စမ်းပါ.."
"ကျွန်တော်လည်း စုနေတာပဲ...အခန်းဝယ်ပြီး ထည့်ဖို့ ပစ္စည်းတွေ ဘာတွေက ခုကတည်းက စုမှ အဆင်ပြေမှာဗျ...သူ့ကို ကျွန်တော် တင့်တင့်တယ်တယ်လေး ထားချင်လို့ပါ.."
"အေးပေါ့လေ...ချစ်မိတဲ့သူတိုင်း ဒီလိုပါပဲ.."
ကိုမင်းသူ က ဘာမှ မပြောတော့ပဲ ဆေးလိပ်ထပ်ဖွာနေတော့ လပြည့် ဖုန်းထုတ်၍ ကြည့်မိသည်။
အသစ်မဝယ်နိုင်ပေမဲ့လည်း ကိုမင်းသူဆီက ရတဲ့ ပစ္စည်းကောင်းမို့ ကျေနပ်ရပါသည်။
လပြည့်တို့ အဆောင်မှာ ပစ္စည်း အဟောင်းဝယ်ချင်ရင် သူ့ကိုပဲ အပူကပ်ကြတော့ လပြည့်နဲ့လည်း အတော်လေး ခင်နေပြီ..။
"အစ်ကို...ဒါမျိုး အိမ်ပစ္စည်းတွေ ရရင် ကျွန်တော့်ကို ထပ်ပြောပါနော်..နောက်ပြီး အစ်ကို့ဆီမှာပဲ ထားလို့ရတယ်မလားဟင်.."
'အေးပေါ့..ထားလေ..."
"အားတော့နာပါတယ်ဗျာ.."
"မလိုပါဘူးကွာ...ငါတို့တုန်းကလည်း ဒီလိုပါပဲ..."
"ကိုမင်းသူ မိန်းမနဲ့ ဘယ်နှနှစ်လောက် တွဲဖြစ်လဲ.."
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...