Part 12

3.4K 162 21
                                    


ရင်ထဲကပန်း

အပိုင်း (၁၂)

#ရင်ထဲကပန်း

10020328

"သဲလေး..."

"အင်း.."

"သဲလေး က ဘာလို့ အဲလောက် လှနေရတာလဲဟင်.."

"အပ်ပီတန် သောက်လို့လေ...အဟင်း.."

ပိုး ရေချိုးပြီးစမို့ တာဝါကို ရင်လျားထားပြီး ဆံပင်တွေကို အဝတ်နဲ့ ဖွဖွလေး လိုက်ဖိရင်း ပြန်ပြောလိုက်သည်။

လှအောင် ကြိုးစားနေလို့ လှတာပေါ့..။

ပိုး အဲလို မလှရင်ကော ရှင်က ချစ်ပါ့မလား လို့ စိတ်ထဲက ပြန်ဖြေမိသည်။

သူကတော့ လပ်တော့ တစ်လုံးနဲ့ အလုပ်ရှုပ်နေရင်း ပိုး ကိုလည်း တစ်ချက် တစ်ချက် ခိုးကြည့်သေးသည်။

ပိုးရဲ့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ပြီး ဆံပင်တွေကိုပဲ ဂရုစိုက်နေမိသည်။

တစ်လကြာသွားပေမဲ့ တစ်ခန်းထဲ တူတူ နေရတဲ့ သူက ကတိတည်တာ သိရတော့ စိတ်ထဲမှာ အထင်ကြီးချင်သလိုလို ဖြစ်လာပြီ..။

ပိုးကိုလည်း သဲလေးဆိုတာ ပါးစပ်က မချအောင်ကို အလိုလိုက်ပေးသည်။

ယောက်ျားတစ်ယောက် အခုလို အနီးကပ် ဂရုစိုက်ပြီး အရေးပေး အလိုလိုက်ခြင်းခံရတာ ပိုး ဘဝမှာ ပထမဆုံးပါပဲ..။

သူ့ကို မချစ်ပေမဲ့ သူ့ဂရုစိုက်မှုတွေကိုတော့ ပိုး ခုံမင်စွဲလမ်းနေပြီ..။

ဒါပေမဲ့လည်း ပိုး သေချာ မရစ်သေးလို့ပါ..။

ဒီနေ့ နိုင်ငံခြားက အလုပ်တွေနဲ့ မီတင်လုပ်ဖို့ ရှိတယ်ဆိုတာ ပြောထားသည်။

သူ့လို သူဌေး ကို တကူးတကန့် မစုံစမ်းဘူးဆိုတာ သိရအောင် သူ့လုပ်ငန်းကိုတောင် သေချာ မမေးထားပါဘူး..။

သူကတော့ ဘာပဲ လုပ်လုပ် ပိုးကို ပြောပြချင်ပေမဲ့ ပိုးက နားမှ မထောင်ချင်တာ...။

"အဟမ်း..ကိုကြီး.."

"ပြော...သဲလေး.."

"သဲ...ဒီနေ့ ကျောင်းပိတ်တယ်.."

ရင်ထဲကပန်းWhere stories live. Discover now