ရင်ထဲကပန်း
အပိုင်း(၂၉)
#ရင်ထဲကပန်း
10161016
"ဟလို..လပြည့်.."
"အင်း.."
"နင်...အားလားဟင်.."
"ဘာလို့လဲ..."
"ဟို...ဒီနေ့ ညနေ ခြောက်နာရီ Live လွင့်မလို့လေ...အဲဒါ...ငါ့ဖန်တွေက နင့်ကို တွေ့ဖူးချင်တယ်ပြောထားကြလို့.."
"အာ....မကောင်းပါဘူး..ငါ မရိုက်ချင်ဘူး.."
"ဘာဖြစ်လဲ...သူတို့က သမီး အဖေကိုလည်း တွေ့ဖူးချင်လို့ပါတဲ့.."
"မဖြစ်ဘူး..မဖြစ်ဘူး...ငါ မှ အဲလိုတွေ မကြိုက်တာဟာ..."
ပိုး စကားပြောလို့ မဆုံးခင် ဖုန်းချသွားတော့ စိတ်မကောင်းတော့ ဖြစ်ရသည်။
အိမ်ထဲမှာပဲ နေရတော့သည့် ပိုးက အင်တာနက် ပေါ်က လူတွေရဲ့ ချီးကျူးစကားတွေကိုသာ ပျော်မွေ့နေရသည်။
သမီးလေးနဲ့ အိမ်အလုပ်လုပ်တာတွေကို ဗီဒီယို ရိုက်ထားပြီး အမှတ်တရအနေနဲ့ တင်မိသည်။
ပိုးလို ကလေးအမေ တွေ က ပိုးရဲ့ ပရိတ်သတ်တွေ ဖြစ်လာကြသည်။
ကလေး အသုံးအဆောင် ကြော်ငြာရိုက်ပေးဖို့ ကမ်းလှမ်းလာတာ ရှိပေမဲ့ ပိုး ငြင်းခဲ့သည်။
ပိုးလုပ်သမျှ တွေက သူ အထင်ကြီးလာဖို့ တစ်ခုတည်း အတွက်ပါပဲ..။
သူ့ရဲ့ ပုံစံတွေ ပြောင်းလဲလာတာ ဝမ်းသာပေမဲ့လည်း သူ အရမ်းချစ်ဖူးတဲ့ချစ်သူ အကြောင်းတွေးမိရင် ပိုး က သိမ်ငယ်သွားသလိုပါပဲ..။
ညနေကျရင် ယောက်ျားပါ ခေါ်ပါ..။
သမီးလေး ဖေဖေ ကိုလည်း တွေ့ချင်ပါတယ်..။
မိသားစု ပုံလေး တင်ထားပါလား ညီမရဲ့..။
ညီမ အထင် မေးတာ စိတ်မဆိုးနဲ့နော်...အစ်မက အရမ်းလှပြီး သန်မာတယ်...စင်ဂယ်မားလားဟင်..။
အမျိုးသား ပုံ ဘာလို့ မပါတာလဲ..။
ယောက်ျားကို တစ်ခါမှ မတွေ့ဖူးဘူးနော်..။
YOU ARE READING
ရင်ထဲကပန်း
Romance"နင်က ရူးနေတာပဲ....နင့်ကို ဂရုစိုက်တဲ့သူကို လိုချင်တာ...နင် တကယ် ချစ်တာ မဟုတ်ဘူး.." "ဟုတ်တယ်...ငါက အဲ့မိန်းမထက် ငယ်တယ်..အဲ့မိန်းမ ထက် လှတယ်...အဲ့မိန်းမထက် ငွေကလွဲလို့ အားလုံးသာတယ်... ဘာလို့ ...ဘာလို့ ...အဲ့မိန်းမရဲ့နောက်ရောက်နေရတာလဲ...သူတို့အကြောင်း...